တနေ့ ကော်ဖီ (၄)ခွက် သောက်ခြင်းက နှလုံးအတွက် အကျိုးရှိ

alt

တနေ့ကော်ဖီ (၄) ခွက်သောက် ခြင်းသည် နှလုံးအတွက် အကျိုးရှိ စေကြောင်း ပညာရှင် များက ထုတ်ဖေါ်ပြောကြား လိုက်ကြ သည်။ ကော်ဖီသည် နှလုံးတုန်ခြင်း

အပါအဝင် ဆိုးကျိုးအချို့ ရှိစေနိုင်ကြောင်း ယုံကြည်မှုများ ရှိနေသည့်တိုင် ဂျာမနီနိုင်ငံ ကိုင်ဇာ ပါမန်နန့်တေး ဆေးပညာဌာနမှ သုတေသီများက ကော်ဖီ များများသောက်ခြင်း သည် နှလုံးအား အကာအကွယ် ပေးနိုင်ကြောင်း ပြောကြား ခဲ့ကြသည်။

လူပေါင်း (၁၃၀၀၀၀)ကျော်ကို လေ့လာပြီး နောက် ကော်ဖီ(၄)ခွက် နေ့စဉ် သောက်ခြင်း သည် နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၁၈) ရာခိုင်နှုန်း လျှော့ချပေးပြီး ကော်ဖီတနေ့ (၃)ခွက် သောက်သူသည် နှလုံးရောဂါ ဖြစ်နိုင် ချေ သာမန်ထက် (၇)ရာခိုင်နှုန်း နည်းသွား ကြောင်း ကိုင်ဇာ ပါမန်နန့်တေး မှ နှလုံး အထူးကု ပရော်ဖက်ဆာ ဒေါက်တာ အာသာကလက် စကီးက ဥရောပ ယူနီယံ ညီလာခံတွင် အဆို တင်သွင်း သွားခဲ့ သည်။

ယခင်က ဗြိတိန် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် တိုနီဘလဲက ၎င်း၏နှလုံး ကျန်းမာရေး ညံ့ဖျင်းမှု အတွက် ကော်ဖီများစွာ သောက်ခြင်းကြောင့် ဖြစ်ကြောင်း အပြစ်ဖို့ ဖူးသော်လည်း ဒေါက်တာ အာသာ ကမူ ယင်းအဆို မှားယွင်းကြောင်း နောက်ဆုံး ပြုလုပ်သည့် သုတေသန ရလဒ်များဖြင့် သက်သေပြခဲ့ခြင်း ဖြစ်သည်။

ကော်ဖီ သောက်ခြင်းသည် နှလုံးတွင် သွေးစီးဆင်းမှု ပုံမမှန် ဖြစ်ခြင်းအား ဟန့်တား ပေးနိုင်ကြောင်း၊ အသေးစိတ် အကျိုးအကြောင်း ရှင်းလင်းရန် ခက်ခဲသော်လည်း ကော်ဖီတွင် နှလုံးထိခိုက်မှုကို ဟန့်တားနိုင်သည့် အာနိသင် ရှိကြောင်း မိမိတို့ ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာ အာသာက ပြောကြားခဲ့ သည်။ ၎င်းက သင့်တင့်မျှတ သော ကဖိန်းဓာတ်သည် ကျန်းမာရေးအတွက် ကောင်းမွန်သော လှုံ့ဆော်မှုမျိုး ဖြစ်စေနိုင်မည်ဟု ယုံကြည်ထား ကြောင်း မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here