ကလေးငယ်များ အားကစားနှင့် လေ့ကျင့်ခန်း လုပ်သည့် အလေ့အထ လျော့နည်းလာမှု တရုတ် တိုက်ဖျက်မည်

alt

တရုတ်နိုင်ငံမှ အစိုးရ တာဝန်ရှိသူ များသည် ငယ်ရွယ်သည့် ကလေး များတွင် အားကစား နှင့် လေ့ကျင့်ခန်း ပြုလုပ်မှု အလေ့အထ လျော့နည်း လာမှုအား

စီမံကိန်းများ ချမှတ်ကာ တိုက်ဖျက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဒေသတွင်းပြိုင်ဖက် ဂျပန်နိုင်ငံနှင့် အနာဂတ် ကာလ ယှဉ်ပြိုင်မှုတွင် တရုတ် လူငယ်များ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းချက် ပိုမိုကြီးထွား လာနိုင်ကြောင်း ဘေဂျင်း အားကစား တက္ကသိုလ် အကြီးအကဲ ယမ်ဟွာက မှတ် ချက်ပြုခဲ့သည်။

မိမိတို့အနေနှင့် အမျိုးသား အဆင့်ဖြင့် ကျန်းမာ ကြံ့ခိုင်မှုကို အသားပေး ဆောင်ရွက်သင့်ကြောင်း၊ မျိုးဆက်သစ် များသည် ကြံုလှီး သေးညှက်သော အခြေအနေမျိုး ဖြစ်လာသည်ကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သမိုင်းတွင် ဂျပန်၏ ကျူးကျော်စစ်ကို ခံခဲ့ရသည်အား ကိုးကားပြီး အနာဂတ် ကာလတွင် ဂျပန်နှင့် စစ် ထပ်ဖြစ်လာပါက ကျန်းမာကြံ့ခိုင်သော တရုတ်လူငယ် စစ်သားများကသာ ဂျပန် စစ်သည်တို့နှင့် တဦးချင်း ရင်ဆိုင် တိုက်ခိုက် နိုင်လိမ့်မည်ဟု ယမ်က ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရအနေနှင့် လူငယ်များ ကိုယ်ကာယ ကြံ့ခိုင် သန်မာရေးအတွက် ကြိုးစား လေ့ကျင့် ချင်လာအောင် ဆွဲဆောင်နိုင်မည့် ပြည့်စုံလှပသော အားကစား စင်တာများကို ငွေကုန် ကြေးကျခံ ဆောက်လုပ်ပေးရန် အသင့် ရှိနေပြီ ဟုလည်း ယမ်က ပြောဆိုသွားသည်။

ဂျပန်သည် တရုတ်နိုင်ငံအား (၁၉၃၁) ခုနှစ်နှင့် (၁၉၄၅)ခုနှစ်တို့က ကျူးကျော် စစ်ပွဲနှစ်ကြိမ် ဆင်နွှဲ တိုက်ခိုက် ခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင် (၂၀၀၈)ခုနှစ် အိုလံပစ်ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး ကတည်းက အားကစား အပေါ် စိတ်အားထက်သန်မှု ပိုမိုမြင့်တက် လာကြကြောင်း စစ်တမ်းများက ဖော်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here