ဆာဗိုခရိုင် အခြေချ နေထိုင်သူ အမျိုးသမီးဆု မြန်မာ အမျိုးသမီး​ တဦးရရှိ

alt

ဖင်လန်နိုင်ငံ အခြေစိုက် အမျိုးသမီး အဖွဲ့ အစည်းတခု ဖြစ်သည့် Zonta Inter – national – Kuopio Zonta Club II မှ ကြီးမှူး၍ ကမ္ဘာ့ အမျိုး သမီး များနေ့ အထိမ်းအမှတ်

 အဖြစ် ဂုဏ်ပြု ချီးမြှင့်သော “သက္ကရာဇ်၂၀၁၀ ခုနှစ် ဆာဗိုခရိုင်အမျိုးသမီး ဆု” ၂ဆု အဖြစ် “Savon Woman” ဆုနှင့် “Savon Immigrant Woman” ဆုများ ချီးမြင့်ရာ ယခုနှစ် အတွက် ဆာဗိုခရိုင် အခြေ​ ချ နေထိုင်သူ အမျိုးသမီးဆုကို မြန်မာ အမျိုး​ သမီး မမေမျိုးသွင် (ခ) မျိုးမျိုး​ မှ ရရှိကြောင်း သိရှိရ​သည်။

ယင်းဆု ချီးမြှင့်သည့် အခမ်းအနားကို ကမ္ဘာ့ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လာမည့် တနင်္ဂနွေနေ့ ၌ ဖင်လန် နိုင်ငံ၊ ကူအိုပီအိုမြို ့၊ Old Kuopio Museum ခမ်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်ဟု သိရှိရသည်။ အခမ်းအနား သို့ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ များ၊ အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းများ၊ ဖင်လန်နိုင်ငံ ရုပ်/သံ သတင်းဌာနများ၊ စာနယ်ဇင်းသမား များနှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

မမေမျိုးသွင်သည် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ မှတဆင့် ဖင်လန်နိုင်ငံတွင် ရောက်ရှိနေထိုင်သူ ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ဖင်လန်နိုင်ငံ Kuopio Business College မှ Information Technology Service ဘာသာရပ် ဒီဂရီ ရရှိခဲ့သည်။ လတ်တလော ကာလတွင် Savonia University of Applied Sciences ၌ Bachelor of Engineering in Information Technology၊ (IT) ဘာသာရပ်ကို သင်ကြားနေသည့် နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသူတယောက် ဖြစ်သည်။ သူမ သည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသူ ရဲဘော်ဟောင်းတယောက် ဖြစ်ပြီး၊ ဖင်လန် နိုင်ငံ အခြေစိုက် မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု ကော်မတီ – ဖင်လန်နိုင်ငံ (Campaign for Democracy  in Burma – Finland) ၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။ ထို့အတူ ဖင်လန် နိုင်ငံရောက် မြန်မာ နိုင်ငံသားများ စုပေါင်းတည်ထောင် ဖွင့်လှစ်ထားသည့် “စုစုနွေးကျောင်း” မြန်မာ စာသင်ကျောင်း ၏ ကျောင်းကော်မတီ အတွင်းရေးမှူး နှင့် ဘဏ္ဍာရေးမှူး တာဝန်တို့ကို ထမ်းဆောင်နေသူ တဦးဖြစ်သည်။

ယခု ဆုကို ဦးစီးချီးမြှင့်သော Zonta International သည် ၁၉၁၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ စတင် တည်ထောင်ခဲ့သော အဖွဲ့အစည်း ဖြစ်ပြီး၊ လက်ရှိ နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် ဌာနခွဲများ ဖွင့်ကာ မတူညီသည့် လူ့အဖွဲ့အစည်းများ အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို နယ်ပယ် အသီးသီးမှ မြှင့်တင် ဆောင်ရွက်ကာ လူ့အခွင့်အရေး နှင့် ဥပဒေအရ တန်းတူ ညီမျှရေး အားစိုက် လုပ်ဆောင်သော အဖွဲ့အစည်း တခုဖြစ်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here