ပင်တဂွန် စစ်ဌာနချုပ်အနီး ပစ်ခတ်မှု ရဲအရာရှိနှစ်ဦး ဒဏ်ရာရ

alt

မတ်လ (၄) ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ အနီး အာလင်တန် အရပ်ရှိ ကာကွယ် ရေး ဝန်ကြီးဋ္ဌာန ပင်တာဂွန် စစ်ဌာနချုပ် အဝင် ဂိတ်ဝတွင် ပစ်ခတ်မှုကြောင့် စစ်ဌာနချုပ်မှ

လုံခြံုရေး ရဲအရာရှိနှစ်ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

ပင်တာဂွန်မှ ရဲတပ်ဖွဲ့ အကြီးအကဲ ရစ်ချတ်ကီဗီက ပစ်ခတ်သူမှာလည်း ရဲများကြောင့် ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ပစ်ခတ်ခဲ့သူမှာ ကယ်လီ ဖိုးနီးယားမှ အသက် (၃၆)နှစ်ရှိ ဂျွန် ပက်ထရစ် ဘီဒယ်ဆိုသူဖြစ်ကြောင်း သိရသည်။

ဘီဒယ်နှင့် ပတ်သက်ပြီး (၂၀၀၁)ခုနှစ်၊ စက်တင်ဘာ (၁၁)ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ် နေကြောင်းလည်း ရဲတပ်ဖွဲ့က သံသယရှိနေသည်။ ဘီဒယ်ကြောင့် ဒဏ်ရာရခဲ့သူ ရဲနှစ်ဦးလုံးမှာ အသက် အန္တရာယ် စိုးရိမ်စရာ မရှိဟုလည်း ရဲတပ်ဖွဲ့က ကြေညာထားသည်။

ထို့အပြင် (၁၉၉၁)ခုနှစ်က မရိန်းတပ်မှ ဗိုလ်မှူးကြီး ဂျိမ်းဆာဘိုး သေဆုံးချိန်တွင် အင်တာနက်၌ ဂျေ. ပက်ထရစ်ဘီဒယ် ဟူသော အမည်ဖြင့် “တရားမျှတမှု အတွက် အမှုထမ်း လိုက်သည်”ဟု ရေးသားထားသော စာတမ်းကို ရဲများက တွေ့ခဲ့ဖူးသည်။ သို့သော်လည်း ထိုအမှုတွင် ဆာဘိုးမှာ မိမိကိုယ်ကိုယ် သေကြောင်း ကြံ စည်ကြောင်းသာ သတ်မှတ်ခဲ့ကြသည်။

ထို့အပြင် ထိုအမည်ဖြင့် အင်တာနက်တွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော Post များ မကြာခဏ ရေး သားခဲ့ဖူးရာ ယခု သေဆုံးသော ဘီဒယ်ပင် ဖြစ်နိုင်ကြောင်း ရဲများက ယူဆနေကြသည်။ ၎င်းသည် အမေရိ ကန် စစ်ဋ္ဌာနချုပ် ပင်တာဂွန် ဂိတ်ဝသို့ အေးအေးဆေးဆေး လျှောက်လာပြီး ရဲများအား စတင် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ ယခုအခါ ရဲတပ်ဖွဲ့နှင့် FBI တို့သည် ပင်တာဂွန်အား ပိတ်ထားလိုက်ပြီး ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here