လူသား၏ အရေပြားကို Touchscreen အဖြစ် ပြောင်းလဲပေးနိုင်မည့် နောက်ဆုံးပေါ် နည်းပညာ

alt

နောက်ဆုံးပေါ် နည်းပညာသုံး အသားကပ် အလွှာ တမျိုးသည် မိမိ၏ အရေပြားကို Touch screen အဖြစ် ပြောင်းလဲ ပေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ပစ္စည်း တပ်ထားသူ တဦး သည် မိမိ၏ လက်မောင်းကို Touchscreen အဖြစ် အသုံးပြုနိုင်မည်ဟု Micorsoft မှ သုတေသန ဆိုင်ရာ Developer များကဆို သည်။

ကာရင်ဂျီမယ်လွန် တက္ကသိုလ်နှင့် ပူးပေါင်း တီထွင်နေမှု များအရ ယခု နည်းပညာတွင် အရေပြားအား အလွန် သေးငယ်သည့် ပရိုဂျက်တာလေး များက Touchscreen အဖြစ် ခလုတ်များ သဖွယ် ထင်ဟပ်လာ စေကြောင်း သိရှိရသည်။ Skinput ဟု အမည် ပေးထားသည့် အဆိုပါ အလွှာလေးများ ကပ်ထားသည့် အရေပြားဖြင့် ပညာရှင်များက အသံ အတိုးအလျှော့ ပြုလုပ်ခြင်း၊ ရိုးရှင်းသော အတုံးဆက်ရသည့် Tetris ကဲ့သို့ ဂိမ်းလေးများ ကစားခြင်းတို့အား ပြုလုပ် နိုင်နေပြီဟု ပြောကြား ခဲ့သည်။

ထို့အပြင် ဖုန်းခေါ်သည့် ခလုတ်အဖြစ် လည်းကောင်း၊ ရိုးရှင်းသော Navigate Browsing စံနစ် များတွင် လည်းကောင်း သုံးစွဲ ထားနိုင်ပြီဟု ဆိုသည်။ ထို့အပြင် ခန္ဓာကိုယ် အရေပြား နေရာကိုလိုက်၍ Touch screen အသုံးပြုရန် လွယ်ကူမှု ကွာခြားကြောင်း၊ အဘယ်ကြောင့် ဆိုသော် အရေပြား နူးညံ့မှုနှင့် အရိုး သိပ်သည်းမှုများ အပေါ်မူတည်ကာ အပြောင်းအလဲ ရှိနေသော ကြောင့် ဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ခေတ်ပေါ် နည်းပညာ တရပ်အဖြစ် ပေါ်ထွက်လာသည့် Skinput ကို Bluetooth နှင့် Wireless ကဲ့သို့ နည်းလမ်းများဖြင့် ထိန်းချုပ် ခိုင်းစေနိုင်ရန် ပညာရှင်များက မျှော်လင့် ထားသည်။ လက်ရှိ အချိန်တွင် Touch screen စွမ်းအင်အတွက် Skinput ၏ တိကျမှုမှာ (၉၅)ရာခိုင်နှုန်း အထိရှိရာ ယင်း အခြေအနေသည် မိုဘိုင်း ဖုန်းရှိ Touchsreen နည်း ပညာသုံး Application မြောက်မြားစွာ အတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here