ချီလီ ငလျင်လှုပ်ခတ် အပြီး ကမ္ဘာကြီး၏ ဝင်ရိုး အနည်းငယ် တိမ်းစောင်းသွားဟု နာဆာ ပြောကြား

alt

ချီလီတွင် လှုပ်ခတ်သွား သည့် အင်အား ပြင်းထန်သော ငလျင်ကြီး ကြောင့် ကမ္ဘာကြီး ဗဟိုပြု လည်ပတ် နေသည့် ဝင်ရိုးမှာ အနည်းငယ် တိမ်းစောင်း သွားကြောင်း သိရှိရ သည်။

လူပေါင်း ၈၀၀ နီးပါး သေကြေကာ အဆောက် အအုံပေါင်း ၅သိန်းခန့်ကို ဖျက်ဆီးလိုက်သည့် သဘာဝ ဘေးဆိုးကြီးကြောင့် နေ့တာလည်း အတန်ငယ် တိုသွားစေခဲ့ကြောင်း နာဆာအဖွဲ့ ကြီးက ပြောကြားခဲ့ သည်။

နာဆာ၏ သုတေသန အရာရှိဖြစ်သူ ရစ်ချတ် ဂရော့က ချီလီ ကမ်းခြေမြို့ ကွန်ဆက်ဆီယွန်မှ မိုင်(၇၀) အကွာ ကမ်းလွန်တွင် လှုပ်ခတ်သွား သော ငလျင်ကြီးမှ ထွက်ပေါ်လာသည့် လှိုင်းတို များကြောင့် ယခုလို ဝင်ရိုးမှာ (၈) စင်တီမီတာ တိမ်းစောင်းသွားပြီး (၁.၂၆)မိုက်ခရို စက္ကန့် နေဝင် စောသွားကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

သို့သော်လည်း (၂၄)နာရီ ရှိသည့် တနေ့တာ အချိန်အတွက် ယင်း ပမာဏသည် ပြောင်းလဲမှု မရှိဟု ရစ်ချတ် က ဆို သည်။ (၂၀၀၄) ခုနှစ်က အင်ဒိုနီးရှားတွင် ကမ္ဘာကျော် ဆူနာမီ ရေလှိုင်းများ ဖြစ်စေခဲ့သည့် ပြင်းအား (၉.၁) ရှိသော ငလျင်ကြီး ကြောင့်လည်း ယခုလို ကမ္ဘာ့ဝင်ရိုး အတန်ငယ် စောင်းသွားခဲ့ရသေး ကြောင်းလည်း သိရှိရသည်။ ချီလီတွင် လှုပ်ခတ်သွားသော ငလျင်ကြီးမှာ ပြင်းအားအဆင့် (၈.၈)ရှိပြီး အင်အား အတန်ငယ်ရှိသည့် ဆူနာမီ ရေလှိုင်း အချို့ကိုလည်း ဖြစ်ပေါ်စေ ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here