သတို့သမီး အဖြစ် ကလေးမွေးသည့် အမေရိကန် အမျိုးသမီး

alt

အမေရိကန် နိုင်ငံ၊ အိုဟိုင်းယို ပြည်နယ်မှ အမျိုးသမီး တဦး၏ အဖြစ်မှာ ဂွတီးဂွကျနိုင်သည့် ကိစ္စဟု ဆိုနိုင် မည် ဖြစ်သည်။ ဂျာမီဖီးလစ်သည် သူမ၏ ခင်ပွန်းနှင့် လက်ထပ်ပွဲ ဆင်နွှဲသည့်

နေ့တွင်ပင် မိခင်ဘဝကို ခံယူ ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့်လည်း သူမသည် သတို့သမီး ဘဝနှင့် ကလေးမွေးသူ ဖြစ်လာကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၂၇)ရက် နေ့က သူမအား ဖခင်ဖြစ်သူက မင်္ဂလာ လျှောက်လမ်းတွင် သတို့သားထံ ခေါ်သွားစဉ် ဗိုက်နာလာ ကြောင်း အိုဟိုင်းယို အနောက် မြောက်ပိုင်းရှိ တိုလီဒိုတွင် နေထိုင်သော ဂျာမီက ပြန်လည် ပြောပြခဲ့သည်။

သူမက ထိုသို့ ဗိုက်နာသည်ကို သာမန်မျှသာ ထင်ခဲ့သော်လည်း မင်္ဂလာပွဲတွင်ပင် ရေမြွှာ ပေါက်သွားပြီး နောက် ဆယ်ဗေးနီးယားရှိ အနီးဆုံး ဆေးရုံသို့ တင်ပို့ လိုက်ရကြောင်း သိရှိရသည်။ ကလေးမှာ ယောက်ျား လေး ဖြစ်ပြီး တိုဗာဟု အမည် ပေးထားသည်။

ကာလ အတန်ကြာ အတူနေခဲ့ပြီးမှ ဂျာမီနှင့် လက်ထပ်ခဲ့သူ မတ်ဖီးလစ်က ဆရာဝန်များသည် Due Date ကို မတ်လ (၇)ရက်နေ့ သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း မင်္ဂလာဆောင်ရန် ကြို တင် စီစဉ်ခဲ့သော်လည်း မထင်မှတ်ဘဲ မိန်းမရော၊ ကလေးပါ တနေ့တည်း ရသည့်အတွက် အံ့ဩ ပျော်ရွှင် မိကြောင်း မတ်ခ် ကဆိုသည်။

ဂျာမီကမူ သူမသည် ကလေး မမွေးခင် လက်ထပ်ထားပြီး ဖြစ်ရန် မျှော်လင့်ထားကြောင်း၊ သို့သော်လည်း ထို ဆန္ဒသည် တဝက်တပျက်သာ ပြည့်ခဲ့ကြောင်း ရယ်မော ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here