မိုးသည်းထန်ပြီး မြေပြိုမှုများကြောင့် ယူဂန်ဒါတွင် အနည်းဆုံး ၈၃ဦး သေဆုံး

alt

မတ်လ (၁)ရက်နေ့ ညက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ ယူဂန်ဒါတွင် အနည်းဆုံး လူ (၈၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ကင်ညာ နိုင်ငံနှင့် နယ်စပ်ဒေသ အနီး တောင်ထူထပ်ရာ ဘူဒူဒါ ဒေသအနီး အယ်ဂွန် တောင်စောင်းများ အနီး ရွာလေးတခုတွင် မြေပြိုမှု(၃)ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ်လူပေါင်း (၃၂၀) ဝန်းကျင် ပျောက်ဆုံးလျှက် ရှိသည်။

အစိုးရ စစ်တပ်နှင့် ကယ်ဆယ်ရေး လုပ်သားများက သေဆုံးသူ အရေအတွက်သည် ပိုမိုမြင့်တက် လာနိုင် ကြောင်း ဝန်ခံပြောဆို ထားလိုက်သည်။ နိုင်ငံ၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီး မူဆာအက်ဝယ်ရူ က လူပေါင်းများစွာ ပျောက်ဆုံးနေခြင်းသည် စိုးရိမ်စရာ ကောင်းကြောင်း ဝန်ခံခဲ့သည်။

မြေပြိုမှုကြောင့် ရွှံ့ဖြင့် တည်ဆောက်ထားသော တဲအိမ်လေး များအပြင် ခိုင်ခိုင်မာမာရှိသော ရွာဆေးခန်း ပါ ပျက်စီးသွားကြောင်း သိရှိရသည်။ တရွာလုံးအား ရွှံ့ဖုံးသွားပြီး ရွာသားများသည် တောင်ပေါ် တက်နေရ ကြောင်း ရွာခံတဦးက ဆိုသည်။

ထိုနေ့ညက မိုးသည် (၇)နာရီ ကြာအောင် သည်းသည်းမည်းမည်း ရွာသွန်းခဲ့ပြီးနောက် ယခုလို မြေပြိုမှုများ ပေါ်ပေါက်လာခြင်းဟု ကြက်ခြေနီ တပ်ဖွဲ့က ဆိုသည်။ ယခုအခါ ယူဂန် ဒါ ကြက်ခြေနီ တပ်ဖွဲ့သည် စစ်တပ်နှင့် ရဲများ၏ အကူအညီဖြင့် ရွှံ့နွံပြင်များ အောက်တွင် နစ်မြုပ် နေသူများအား လိုက်လံ ရှာဖွေလျှက်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here