Living Together စုံတွဲများထက် လက်ထပ်ထားသည့် စုံတွဲများ၏ ချစ်သက်တမ်း ပိုရှည်ဟုဆို

alt

အမေရိကန်ရှိ သုတေသန စစ်တမ်း တခုအရ လက်မထပ်ဘဲ အတူ နေသော Living Together စုံတွဲ များထက် လက်ထပ်ထား သော စုံတွဲများ၏

ချစ်သက်တမ်းက ပိုရှည်လေ့ ရှိကြောင်းသိရှိ ရသည်။

ရောဂါ ထိမ်းချုပ်ရေး ဌာန (CDC) မှ ဆရာဝန်များက လေ့လာမှုများ ပြုလုပ်ပြီး နောက် လက်ထပ်လိုက်သော စုံတွဲများတွင် (၇၈) ရာခိုင်နှုန်းသည် (၅)နှစ် ကျော်ကြာသည် အထိ အိမ်ထောင်ရေး ခိုင်မာနေကြောင်း ဖော်ပြခဲ့သည်။ ယင်း အခြေအနေတွင် Living Together စုံတွဲများ၏ (၅)နှစ် အထိ အတူနေသည့် အခြေအနေ မှာ (၃၀) ရာခိုင်နှုန်းသာ ရှိနေသည်။

CDC မှ ပညာရှင်များက (၃)နှစ် အထိ တွဲလာသော Living Toghter စုံတွဲများ၏ (၅၁) ရာခိုင်နှုန်း မျှသည် လက်ထပ် လိုက်လေ့ရှိကြောင်း အမျိုးသား၊ အမျိုးသမီး (၁၂၅၇၁)ဦးအား စစ်တမ်း ကောက်ခံပြီး နောက် ဖော်ပြ ခဲ့သည်။ ထို့အပြင် ပထမဆုံး အိမ်ထောင်ဖြစ်ပြီး (၁၀)နှစ်ကျော် ကြာသည် အထိ မပြိုကွဲသည့် အမေရိကန် ဇနီး မောင်နှံများသည် များသောအားဖြင့် ဘာသာတူလေ့ ရှိကြောင်းလည်း စစ်တမ်းက ဆိုသည်။

မင်္ဂလာဆောင်ပြီး (၈)လ အတွင်း သားဦးမွေးသော စုံတွဲများသည် အများအားဖြင့် (၁၀)နှစ်ပြည့် မင်္ဂလာ နှစ်ပတ် လည်နေ့အား ဆင်နွှဲရလေ့ ရှိကြောင်းနှင့် စောစောစီးစီး ကလေး မရသော လင်မယားများမှာမူ (၁၀)နှစ်ပြည့်သည် အထိ အိမ်ထောင်ရေး ခိုင်မြဲမှု နည်းပါးကြောင်း သိရှိရသည်။

ထို့အပြင် အသက်(၂၆)နှစ် နှင့်အထက် အိမ်ထောင်ပြုသည့် စုံတွဲများ၏ (၇၅) ရာခိုင်နှုန်းခန့်သည် (၁၀)နှစ်မျှ ကြာ မြင့်သည် အထိ အိမ်ထောင်ရေး တည်မြဲလေ့ရှိပြီး (၂၆)နှစ်အောက် ဇနီးမောင်နှံ များမှာမူ (၁၀)နှစ်ကြာသည် အထိ မကွာရှင်းဘဲ အတူနေနိုင်ခြေ (၃၇)ရာခိုင်နှုန်း မျှသာရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here