လိင်မှုဘဝ ထုတ်ဖော် ပြောဆိုခဲ့သည့် ဂျွန်မေယာအား ဂျက်ဆီကာဆင်ဆမ် ဒေါသထွက်

alt

ဂျက်ဆီကာ ဆင်ဆမ်က သူမတို့၏ တချိန်က လိင်မှုဘဝကို ထုတ်ဖော် ပြောဆိုခဲ့သည့် အတွက် ချစ်သူ ဟောင်း ဂျွန်မေယာအား အတန် ငယ်မျှသာ ဒေါသ ထွက်မိကြောင်း ပြောကြား လိုက်သည်။

Playboy မဂ္ဂဇင်းနှင့် အင်တာဗျူးတခုတွင် မေယာက ဂျက်ဆီကာသည် လိင်နှင့် ပတ်သက် ပါက မီးတောက် တခုကဲ့သို့ အလျံငြီးငြီး နှင့် အရှိန်ကောင်းစွာ တောက်လောင် နေတတ် ကြောင်း မှတ်ချက်ပြုခဲ့ သည်။

သူမက အော်ပရာ ဝင်းဖရေး၏ Show ပွဲတွင် အဆိုပါ ကိစ္စအား မေးမြန်းခဲ့ရာ၌ အိပ်ရာထဲတွင် သူမ မည်သို့ နေထိုင်ပြုမူသည်ကို လူသိရှင်ကြား မပြောလိုကြောင်း ငြင်းဆန် သွားခဲ့သည်။ ထို့အပြင် ယင်းအတွက် မေယာကိုလည်း အတော်လေး ဒေါသ ထွက်ကြောင်းလည်း ဂျက်ဆီကာ က ဆိုသည်။

မေယာသည် ဂျက်ဆီကာနှင့် ပတ်သက်ပြီး မူးယစ်ဆေး ကဲ့သို့ စွဲလန်းစေကြောင်း၊ သူမသည် လိင်နှင့် ပတ်သက်ပြီး အလွန်အကျူး ညှို့ယူ ဖမ်းစားနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုတော် ဂျက်ဆီကာ ကမူ သူမ၏ ခန္ဓာ ကိုယ် ကောက်ကြောင်းအတွက် အလွန် ဂုဏ်ယူလေ့ ရှိသည်ဆိုသော မေယာ၏ မှတ်ချက်အား ဝန်ခံ ခဲ့သော်လည်း ပေါင်(၉၀) အောက် အထိ ကိုယ်အလေးချိန် လျှော့ချခြင်းမျိုး ပြုလုပ်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here