အစ္စရေး ဝန်ကြီးချုပ်အား လူသတ်မှုဖြင့် ရုံးတင် စစ်ဆေးနိုင်ရန် ဒူဘိုင်း ရဲတပ်ဖွဲ့ ပြင်ဆင်နေ

alt

UAE နိုင်ငံ၊ ဒူဘိုင်း ရဲတပ်ဖွဲ့ အကြီး အကဲက မိမိတို့သည် လူသတ်မှု အတွက် အစ္စရေး ဝန်ကြီး ချုပ်အပြင် မော့ဆက် ထောက်လှမ်းရေး ဌာန အကြီးအကဲ

ကိုပါ ရုံးတင် စစ်ဆေးနိုင်မည့် နည်းလမ်းများ အစွမ်းကုန် ရှာဖွေနေကြောင်း ထုတ်ဖေါ်ပြော ကြား လိုက်သည်။

ဒူဘိုင်းရှိ ဟိုတယ်တခုတွင် ဟားမတ် စစ်သွေး ကြွ အဖွဲ့မှ ခေါင်းဆောင်တဦးဟု ယူဆရသည့် မာမွတ် အယ်လ်မက်ဟွန်း သည် လုပ်ကြံခံခဲ့ ရခြင်း ဖြစ်သည်။ ဒူဘိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဒါဟီခါဖန်တာမင် က မိမိ်ရော၊ အစိုးရ ရှေ့နေများပါ ဇန်နဝါရီလ အတွင်း ဖြစ်ပွားခဲ့သည့် လုပ်ကြံမှု နောက်ကွယ်တွင် အစ္စရေး ပါဝင်နေသည်ကို အပြည့်အဝ လက်ခံထားကြောင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူး နှင့် မော့ဆက် အကြီးအကဲအား မည်သို့ ဝရမ်း ထုတ်ရမည်ကို စဉ်းစားနေကြောင်း အတည်ပြုခဲ့ သည်။

ဒူဘိုင်း ရဲတပ်ဖွဲ့က သံသယရှိသူ (၂၇)ဦး အနက် (၁၃)ဦးသည် ကဒ်အတု၊ ပါတ်စ်ပို့တ် အတုများ အသုံးပြု လှုပ်ရှား ခဲ့ကြောင်းလည်း ပြောဆိုသွားသည်။ ယင်းတို့သည် အမေရိကန်ဘဏ် တခုဖြစ်သည့် MetaBank မှ အကြွေးဝယ် ကဒ် များကို လေယာဉ်လက်မှတ်နှင့် လုပ်ကြံမှု ဖြစ်ပွားရာ ဟိုတယ်တွင် အခန်းငှားရန် အသုံးပြုခဲ့ကြောင်း ဖန်တာမင် ကဆိုသည်။

ထို့အပြင် အယ်လ်မက်ဟွန်း လုပ်ကြံမှုတွင် ဗြိတိန်၊ အိုင်ယာလန်၊ ဩစတြေးလျနှင့် ဂျာမနီနိုင်ငံ Passport အတု များ အသုံးပြုခဲ့ကြောင်း ဒူဘိုင်း ရဲအဖွဲ့က ဖော်ထုတ်ခဲ့ပြီးနောက် သက်ဆိုင်ရာ နိုင်ငံများက အဆိုပါ ကိစ္စအတွက် စုံစမ်းမှုများ ပြုလုပ်နေပြီး အစ္စရေး ပါဝင်နေကြောင်း ဖော်ထုတ်နိုင်ပါက နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် အကြီးအကျယ် တင်းမာလာစေမည်ဟု သတိပေး ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here