ကမ္ဘာ့ဖလား ပြီးလျှင် ဒေးဗစ်ဘက်ခမ်း အမေရိကန်သို့ ပြန်လာမည်

alt

ကမ္ဘာ့ဖလား ပြီးဆုံးချိန်တွင် ဒေးဗစ် ဘက်ခမ်း အမေရိကန်သို့ ပြန်လာ မည်ဖြစ်ကြောင်း အမေရိကန် မေဂျာလိဂ် ဘောလုံး ပြိုင်ပွဲ အကြီး အကဲက ထုတ်ဖော် ပြောကြားလိုက် သည်။

အမေရိကန် ကလပ် လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီမှ အီတလီကလပ် အေစီမီလန်သို့ အငှား သွားကစားနေသည့် ဘက်ခမ်းသည် (၂၀၁၀) ခုနှစ်၊ ကမ္ဘာ့ဖလားတွင် အင်္ဂလန် နှင့်အတူ ပါဝင်ခွင့် ရရန် အဓိက ရည်ရွယ် ထားကြောင်း၊ ထိုပြိုင်ပွဲကြီး ပြီးဆုံးချိန်တွင် အသက် (၃၅)နှစ်ရှိ ကမ္ဘာကျော် ဘောလုံး သမားသည် မိခင် ကလပ်တွင်သာ ဘောလုံးသမား ဘဝမှ အနားယူသည် အထိ ဆက်ကစား သွားမည်မှာ သေချာ ကြောင်း ဒွန်ဂါဘာက ပြောကြားခဲ့သည်။

ဘက်ခမ်းသည် ကမ္ဘာ့ဖလားတွင် ကစားလိုသည့် ဆန္ဒအား မည်သည့် အခါကမျှ ဖုံးကွယ် မထားခဲ့ကြောင်း၊ ယင်းကို နား လည်ပေးနိုင်ပြီး တောင် အာဖရိကတွင် ကျင်းပမည့် ပြိုင်ပွဲကြီး ပြီးဆုံးချိန်တွင်မူ ဂလက်ဆီ နှင့် အတူ မေဂျာလိဂ် တွင် ခြေစွမ်းပြနေမည့် ဘက်ခမ်းအား တွေ့မြင်ရမည် ဖြစ်ကြောင်း ဂါဘာ ကဆိုသည်။

ဘက်ခမ်းသည် အမေရိကန် ကလပ်ကို ကျောခိုင်းကာ ဥရောပမြေသို့ ထွက်ခွာသွားခြင်း အတွက် အမေရိကန် ပရိသတ်က ဝေဖန် နေကြသော်လည်း ကမ္ဘာ့ဖလား ပြီးဆုံးချိန်တွင် ယင်း အခြေအနေ အားလုံး ပြောင်းလဲသွား မည်ဟု မေဂျာလိဂ် ဥက္ကဌက မှတ်ချက်ပြုခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် နှင့် ရီးရဲလ်မက်ဒရစ် ဘောလုံးသမား ဟောင်း သည် အင်္ဂလန် အတွက် (၁၁၅)ပွဲ ကစားပေးပြီး ဖြစ်ကာ ကမ္ဘာ့ဖလားတွင် အမေရိကန်နှင့် ပြန်လည် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ဂလက်ဆီမှ အသင်းဖော် များအား တွေ့ဆုံယှဉ်ပြိုင် ရဖွယ် ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here