ပြင်သစ် စစ်သင်္ဘောများ ရုရှား ဝယ်ယူမည်

alt

ရုရှားနိုင်ငံက ပြင်သစ်ထံမှ စစ် သင်္ဘော (၄)စင်း ဝယ်ယူရန် အစီအစဉ် ရှိကြောင်း ဝန်ခံလိုက် သည်။ ယင်းသည် စစ်အေးခေတ် နောက်ပိုင်း

ရုရှားက NATO အဖွဲ့ဝင် အင်အားကြီး နိုင်ငံ တခုထံမှ အကြီးမားဆုံး စစ်ပစ္စည်း ဝယ်ယူမှု အဖြစ် မှတ်တမ်းဝင် လာမည်ဖြစ်သည်။

ရုရှား၏ ရေတပ်အင်အား တိုးချဲ့ရေး စီမံကိန်းသည် ဂျော်ဂျီယာနှင့် ဘောလ်တစ် ပင်လယ် ဒေသများအတွက် ကြောက်စရာ အချက်ပေးမှု တခု ဖြစ်လာခဲ့ရသည်။ ရုရှားက ပြင်သစ်၏ နာမည်ကျော် Mistral စစ် သင်္ဘောများကို ဝယ်ယူရန် အကြီးအကျယ် ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရှိ ရသည်။

ပြင်သစ် သမ္မတ နီကိုလတ်ဆာကိုဇီက မိမိသည် စစ်အေးခေတ်က သမိုင်း စာမျက်နှာများကို ပိတ်ပစ်လိုက် ချင်ပြီဟု ရုရှား သမ္မတ ဒီမီထရီ မက်ဗီဒက် ပဲရစ်မြို့တော်သို့ ရောက်ရှိလာစဉ်က ပြောကြားခဲ့သည်။ ယခု ကိစ္စသည် ဆိုဗီယက် ယူနီယံ လက်အောက်ခံ ဖြစ်ခဲ့ပြီး ယခုအခါ NATO အဖွဲ့ဝင်ဖြစ်နေသည့် လတ်ဗီးယား၊ လစ်သူယေးနီးယား နှင့် အက်စတိုးနီးယား တို့ကဲ့သို့ နိုင်ငံများအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာခဲ့ ရသည်။

လတ်ဗီးယား နိုင်ငံခြားရေး ဝန်ကြီး မာရစ်ရစ်စတင်းက စစ်အေးခေတ် သမိုင်းစာမျက်နှာကို ပြောင်းပြန်လှန် လိုက်ခြင်းသည် ငြိမ်းချမ်းရေး အတွက် တိုးတက်စေမည်ဟု မိမိ အနေနှင့် မသေချာကြောင်း၊ သို့သော်လည်း စစ်အေးခေတ်မှ စစ်ပူခေတ်သို့ ရောက်လာမည်ကို စိုးရိမ်ကြောင်း ဆာကိုဇီအား အရွဲ့တိုက် ပြောဆိုသွားသည်။

Mistral သည် အလွန် အသုံးတည့်သည့် ကြည်းတပ် နှင့် ရေတပ်သုံး စစ်သင်္ဘော အမျိုးအစားဖြစ်ပြီး တစင်း တည်းက ရဟတ်ယာဉ် (၁၅)စင်း၊ ကုန်းတက်ယာဉ် (၄)စင်း၊ အပေါ့စား သံချပ်ကာ ယာဉ် အစင်း(၇၀)၊ တင့်ကား (၁၃)စင်းနှင့် တပ်သား(၄၅၀) တို့အား စစ်ဆင်ရေး အတွက် တင်ဆောင်ပေးနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here