တိုယိုတာ တောင်းပန်၍ မပြီးသေးမီ ဘရိတ် ပြဿနာကြောင့် နစ်ဆန်း ကား ၅သိန်းကျော် ပြန်သိမ်း ဆည်းမည်

alt

ဂျပန် နိုင်ငံရှိ နစ်ဆန်း မော်တော် ယာဉ် ကုမ္ပဏီကြီးက ကမ္ဘာတဝှမ်း သို့ ရောင်းချ ထားသော မော်တော်ကား စင်းရေ (၅၄၀၀၀၀) နီးပါးအား ဘရိတ် ပြဿနာ ကြောင့်

ပြန်လည် သိမ်းဆည်းမည် ဟုတ်မှန်ကြောင်း ဝန်ခံ လိုက်သည်။

နစ်ဆန်း ကားများသည် အမေရိကန်သို့ အဓိက ရောင်းချထားသော ကားများတွင် ဆီဒိုင်ခွက် မှားယွင်းမှု ပြဿနာများလည်း ရှိနေကြောင်း သိရှိရသည်။ အထူးသဖြင့် ကုန်တင်ကား နှင့် အပေါ့စား ဗင်ကားများ တွင် ဘရိတ်နှင့် ဆီဒိုင်ခွက် တို့အား ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်နေကြောင်း ကြေညာထားလိုက်ပြီ ဖြစ်ကြောင်း။ သို့သော်လည်း လတ်တလောတွင် ယင်း ကိစ္စများကြောင့် ဖြစ်ပေါ်လာသည့် မတော်တဆမှုမျိုး သတင်းပေးပို့ချက် နစ်ဆန်းကား ကုမ္မဏီမှ မရရှိသေး ကြောင်းလည်း နစ်ဆန်းက ဆိုသည်။

နစ်ဆန်းထုတ် Titan ပစ်ကပ် ကုန်တင် ယာဉ်ငယ်များ၊ Armada နှင့် Infiniti QX56 အမျိုးအစား၊ Quest မီနီဗင်၊ SUV ကားများ အပါအဝင် (၂၀၀၈)ခုနှစ် နောက်ပိုင်း ထုတ်လုပ်သည့် ကားများတွင် ယင်း ပြဿနာများ ရှိနေကြောင်း နစ်ဆန်းက ဆိုသည်။ ပြန်လည် သိမ်းဆည်း မည့် ကား ၅သိန်းကျော်တွင် တဝက်မှာ အမေရိကား လမ်းမများပေါ်တွင် ဖြစ်ပြီး တဝက်မှာ အခြားနိုင်ငံများတွင် ဖြစ်သည်။ ဂျပန်ကား ထုတ်လုပ်ရာ နံပါတ်၃ လိုက် နေသော နစ်ဆန်း ကားများ Recall အကျိုးသက်ရောက်ရာ ဒေသများမှာ အမေရိကား၊ ကနေဒါ၊ မက္ကဆီကို၊ အရှေ့အလယ်ပိုင်း၊ ယူကရိန်း၊ ရုရှား၊ တိုင်ဝမ်တို့ ဖြစ်ကြသည်။

ထို့အပြင် အမေရိကန် တနိုင်ငံထဲမှ ပြန်လည်သိမ်းဆည်း ပြုပြင်ရမည့် ကားစင်းရေမှာ (၁၇၈၉၁၆)စင်း ရှိကြောင်း လည်း နစ်ဆန်းက ကြေညာပြောကြား ထားလိုက်သည်။ နစ်ဆန်း က ဘရိတ်ပင် ချောင်ပြီး ဘရိတ်နင်းရာတွင် ပြဿနာ ရှိကြောင်း သတင်းပေးပို့မှု (၃)ခုကို ရရှိပြီးနောက် ယခုလို ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဟု အတည်ပြု ကြေညာသွားသည်။

ယခင်လ ကမူ တိုယိုတာကားနှင့် ဖို့တ်ကားများတွင် ယင်းကဲ့သို့ ပြဿနာများ တွေ့ရှိရ၍ တိုယိုတာ ကားကုမ္မဏီ ပိုင်ရှင်မှာ အမေရိကန် တို့အား တောင်းပန်လို့ မဆုံးသေးမီ နစ်ဆန်း ကား ကုမ္မဏီက တစခမ်း ထလာခြင်း ဖြစ် သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here