ဘော်လ်ကန် စစ်ပွဲကာလ သတ်ဖြတ်မှုများ တရား မျှတသည်ဟု ရိုဒိုဗန်ကရာဒစ် ခံယူထား

alt

ရိုဒိုဗန်ကရာဒစ်က ၎င်းအနေနှင့် ဘော်လ်ကန် စစ်ပွဲကာလအတွင်း ပြုလုပ်ခဲ့သည့် အစုလိုက် အပြံုလိုက် သတ်ဖြတ်မှုများသည် တရားမျှတပြီး မြင့်မြတ်သည်ဟု ခံယူထားကြောင်း ပြောကြားလိုက်သည်။

မတ်လ(၁)ရက်နေ့က ဟော်လန်နိုင်ငံ၊ သည်ဟိဂ် မြို့တွင် ကြားနာမှု စတင်ခဲ့ချိန်တွင် တရားရုံး၌ ၎င်းက ယခု လို ထွက်ဆိုသွားခြင်း ဖြစ်သည်။ (၁၉၉၀)ပြည့်လွန် နှစ်များက ကရာဒစ်သည် မွတ်ဆလင် ထောင်နှင့်ချီပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ ဖြစ်ရာ ယခုအခါ (၁၉၉၂)မှ (၁၉၉၅)ခုနှစ် အတွင်း ယင်း၏ လုပ်ရပ်များ အတွက် စွဲချက်(၁၁) ခုနှင့် ရင်ဆိုင်နေရသည်။

အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု များဖြင့် တရားစွဲခံထားရသည့် အသက်(၆၄)နှစ် အရွယ် ပုဂ္ဂိုလ်ကြီးက မိမိသည် လူမျိုးနှင့် တိုင်းပြည်၏ ရပ်တည်မှုကို ကာကွယ်ရန် ယခု ကိစ္စများအား ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတွက် နောင်တမရ သလို အပြည့်အဝ ယုံကြည်မှုရှိကြောင်း တရားရုံးတွင် ပြောကြားခဲ့ သည်။

ထို့အပြင် မိမိ ဆောင်ရွက်ခဲ့သမျှသည် (၁၀၀)ရာခိုင်နှုန်း မှန်ကန်ကြောင်းလည်း ကရာဒစ်က ကြွေးကြော်ခဲ့သည်။ (၁၃)နှစ်ကြာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ခဲ့သည့် ကရာဒစ်အား ဆာဘီးယားနိုင်ငံ၊ ဘဲဂရိတ်မြို့ အနီးတွင် (၂၀၀၈)ခုနှစ်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ယမန်နှစ်က ရုံးတင် စစ်ဆေးခဲ့သော်လည်း ပြင်ဆင်ချိန် တောင်းခံခဲ့ပြီးနောက် တရားရုံးက အချိန်(၄)လ သတ်မှတ်ပေးခဲ့သဖြင့် ယခုနှစ် မတ်လမှသာ တရားခွင် ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here