Hurt Locker ပရိုဂျူဆာ အော်စကာ အခမ်းအနား တက်ရောက်ခွင့် ပိတ်ပင်ခံရ

alt

အော်စကာဆု အတွက် အပြိုင် အဆိုင် တစ်ပြေး နေသော Avatar ဇာတ်ကားအား ဆန့်ကျင် ကာ မိမိ၏ ဇာတ်ကားကို မဲပေး ထောက်ခံရန် ဆော်ဩခဲ့သော Hurt Locker

ဇာတ်ကား၏ ပရိုဂျူဆာ တဦးအား အော်စကာ ဆုပေးပွဲ တက်ရောက်ခွင့် ပိတ်ပင်လိုက်သည်။

နစ်ကိုလတ် ချာတီရာသည် မတ်လ (၂)ရက် နေ့တွင် ပိတ်သိမ်းမည့် ဆန္ဒမဲ ကောက်ခံမှု အတွက် အင်တာနက် မှတဆင့် စည်းရုံးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းသည် အော်စကာဆု၏ စည်းမျဉ်း စည်းကမ်းများနှင့် ဆန့်ကျင် နေခဲ့ခြင်းကြောင့် ဖြစ် သည်။

Hurt Locker သည် အကောင်းဆုံး ဇာတ်ကား ဆုအတွက် Avatar ကိုကျော်ကာ ရေပန်းစားနေပြီး ဖြစ်သည်။ ချာတီရာက နောက်ပိုင်းတွင် ၎င်း၏ လုပ်ရပ်အတွက် ပြန်လည် တောင်းပန်ခဲ့ပြီး အော်စကာပွဲ တက်ခွင့် မရသည့် အတွက် စိတ်မကောင်းမိကြောင်း ပြောဆိုသွားခဲ့သည်။

အီရတ်ရှိ အမေရိကန် မိုင်းရှင်း တပ်ဖွဲ့များအကြောင်း ရိုက်ကူးထားသည့် Documentary ရုပ်ရှင် Hurt Locker သည် ဗြိတိန်၏ အော်စကာဟု တင်စားခြင်း ခံရသည့် Bafta ဆုပေးပွဲတွင် အကြီးအကျယ် အောင်ပွဲ ခံခဲ့ပြီး အကောင်းဆုံး ဇာတ်ကားဆုနှင့် ဒါရိုက်တာဆုများကို ဆွတ်ခူး ရရှိထားသည်။ (၈၂)ကြိမ်မြောက် အော်စကာ ဆုပေးပွဲကို မတ်လ (၇)ရက် နေ့တွင် လော့စ်အိန်ဂျယ်လိစ် မြို့တော်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here