အီတလီ လက်ရွေးစင် အသင်းတွင် နက်စတာ ပြန်လည်ပါဝင် လာတော့မည်

alt

အလက် ဇန်ဒရို နက်စတာအား လက်ရွေးစင် အသင်းတွင် ပြန်လည် ပါဝင်ရန် မိမိ၏ ဆွဲဆောင် သိမ်းသွင်းမှု အောင်မြင် ခဲ့ပြီဖြစ် ကြောင်း အီတလီ နည်းပြကြီး မာဆယ်လို လစ်ပီ က ပြောကြားခဲ့သည်။

နက်စတာသည် ကမ္ဘာ့ အကောင်းဆုံး နောက် တန်းလူ အဖြစ် ကျော်ကြားခဲ့ဖူးပြီး လက်ရွေး စင် အသင်းမှ အနားယူ ထားကြောင်း ကြေညာ ပြီး ဖြစ်သည်။ သို့သော်လည်း အသက် (၃၃)နှစ် အရွယ် အေစီမီလန် ခံစစ်မှူးအား လစ်ပီက ကမ္ဘာ့ဖလား လက်ရွေးစင် လူစာရင်းတွင် ပါဝင် ရန် ဖြောင့်ဖျ စည်းရုံးခဲ့သည်။

အီတလီသည် (၂၀၁၀)၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဘွဲ့အား ကာကွယ်ရမည် ဖြစ်သည်။ လစ်ပီ က နက်စတာ သည် အပြန်အလှန် စဉ်းစားပြီးနောက် ကမ်းလှမ်းချက်ကို သဘောတူသည်ဟု ပြန်ကြားခဲ့ကြောင်း ပြောဆို သွားခဲ့သည်။

ထို့ကြောင့်လည်း ကင်မရွန်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲအတွက် လေ့ကျင့်နေသည့် ဖလော်ရင့်မြို့ အနီး အီတလီ လက်ရွေးစင် အသင်းသို့ နက်စတာမှာ လာရောက် ပူးပေါင်းခဲ့ပြီ ဖြစ်သည်။ နက်စတာသည် လစ်ပီ ၏အသင်း (၂၀၀၆) ခုနှစ်က ကမ္ဘာ့ဖလား ဆွတ်ခူးစဉ် ပါဝင်ခဲ့သော်လည်း နောက်နှစ်တွင် ဒဏ်ရာ ပြဿနာများကို အကြောင်း ပြကာ လက်ရွေးစင် အသင်းမှ အနားယူလိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here