ကစားစရာ သေနတ်များ အသိမ်းခံရ သဖြင့် စတိုးဆိုင် ပိုင်ရှင် စိတ်ပျက်

alt

အမေရိကန် နိုင်ငံ၊ အော်ရီဂွန် ပြည်နယ်မှ စတိုးဆိုင် ပိုင်ရှင် တဦးသည် ဒေါ်လာ (၁၂၀၀၀) ဖိုး ကစားစရာ သေနတ်များ အသိမ်းခံ ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေ ရသည်။

အရက်၊ ဆေးခြောက် နှင့် လက်နက်ဆိုင်ရာ ဗျူရိုမှ တာဝန်ရှိသူ များက မတ်လ (၁)ရက် နေ့တွင် ယခုလို ကစားစရာ လေသေနတ်များ လာသိမ်း သွားခြင်းဟု ဆိုင်မန်နေဂျာ ဘန်း မာတင် က ဆိုသည်။ အေးဂျင့် များက သေနတ် များကို သိမ်းဆည်း ရခြင်းမှာ ယင်းအရုပ် လေသေနတ် များ၏ တည်ဆောက်ပုံကို အနည်း ငယ် ပြုပြင်လိုက်ရုံဖြင့် လူသတ်နိုင်သည့် သေနတ် အစစ်များ ဖြစ်လာ နိုင်သောကြောင့်ဟု အကြောင်းပြ သွားကြောင်း မာတင်က ရှင်းပြ ခဲ့သည်။

ယင်း ကစားစရာ လေသေနတ်များကို တိုင်ဝမ် နိုင်ငံတွင် ပြုလုပ်ပြီး၊ ဝါရှင်တန်ပြည်နယ် တာကိုးမားမြို့တွင် ပြန်လည်တပ်ဆင် ထားသော ပလပ်စတစ် အလုံးလေးများကို ကျည်အဖြစ် အသုံးပြုကာ ဂက်စ် တွန်းကန် အားဖြင့် ပစ်သော လေသေနတ် ဖြစ်သည်။ ပို့တ်လန်းရှိ KPTV သတင်းဌာန ကမူ ပြောင်းလဲမှု အနည်းငယ် မျှဖြင့် ကစား စရာသေနတ်မှ စက်သေနတ် ဖြစ်သွားနိုင်သည်ဟု ဖော်ပြခဲ့ပြီး ထိုသေနတ် ဖွဲ့စည်းပုံမှာ တကယ့် သေနတ်များ အတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။

ဆိုင်တည်ရှိရာ ပို့တ်လန်းမြို့ အရှေ့မြောက်ဖက် ကော်နယ်လီးယပ်(စ်) အရပ်မှ ဆိုင်မန်နေဂျာ ဘန်းမာတင် ကမူ ယခု ကိစ္စတခုလုံး အာဏာပိုင်များ လုပ်ရပ်မှာ အရူးဆန်ကြောင်း၊ မိမိ အနေနှင့် အရုပ်သေနတ် ကိုသာ မှာယူထား ခြင်းသာ ဖြစ်ကြောင်း ကွဲကွဲပြားပြား သိစေလိုကြောင်း၊ ယခုလို အသိမ်းခံရခြင်းသည် လေသေနတ် အလက် ၃၀ သို့ မဟုတ် ဒေါ်လာ (၁၂၀၀၀)ကို ရေထဲ ပစ်ချလိုက်သည်နှင့် အတူတူပင် ဖြစ်ကြောင်း မကျေမနပ် ပြောကြားသွား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here