ကားမောင်းနေရင်း သွားကြား ထိုးမိသဖြင့် ဒဏ်ငွေရိုက်ခံရ

alt

ဗြိတိန်ရှိ အမျိုးသမီး တဦးသည် ကားမောင်း ရင်း သွားကြား ထိုးမိသဖြင့် ဒဏ်ငွေ ရိုက်ခံ လိုက်ရကြောင်း သတင်းများက ဆိုသည်။ အသက် (၃၆)နှစ် အရွယ်

ယင်း အမျိုးသမီး သည် တနာရီ မိုင်(၇၀)နှုန်း ကားမောင်းလာစဉ် သွားကြားထိုး လာကြောင်း ရဲများက စစ်ဆေး တွေ့ရှိပြီးနောက် (၉၁) ဒေါ်လာ ဒဏ်ငွေ ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ယင်း ဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး အမျိုးသမီး၏ အမည်ကိုမူ ပြောကြား မသွားခဲ့ချေ။ ယင်း အမျိုးသမီးသည် ဝေလ်ပြည်နယ်ရှိ M4 လမ်းမကြီးပေါ် မောင်းနှင်လာစဉ် ရဲဆိုင်ကယ် လိုက်လာသည်ကို နောက်ကြည့်မှန်မှ လှမ်းကြည့် စဉ် သွားကြား ထိုးနေကြောင်း ရဲက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

သူမအနေနှင့် ကားမောင်းစဉ် အာရုံများစရာ ကိစ္စတခုအား ပြုလုပ်နေသည်မှာ မဖြစ်သင့် ကြောင်း၊ သို့ သော်လည်း ယခုကိစ္စမှာ သူမအတွက် ပထမဆုံး ဖြစ်သဖြင့် ဒဏ်ငွေ အနည်းငယ်သာ ချမှတ်ခဲ့ကြောင်း ရဲ များက ပြောကြားခဲ့သည်။

The Sun သတင်းစာ၏ အဆိုအရ ဝေလ် တောင်ပိုင်းရှိ နယူးပို့တ် တွင် နေထိုင်သော အဆိုပါ အမျိုးသမီး သည် ယာဉ် စည်းကမ်းဆိုင်ရာ ကိစ္စများအတွက် ရဲအရာရှိ၏ ပြင်းပြင်းထန်ထန် သတိပေးမှုကိုလည်း ခံခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here