၂၀၀၉ ခုနှစ်အတွက် ဝင်ငွေ အကောင်းဆုံး ဂီတအဖွဲ့ အဖြစ် U2 ရပ်တည်

alt

၂၀၀၉ခုနှစ် အတွက် ဝင်ငွေ အကောင်းဆုံး ဂီတ လောကသား များတွင် U2 အဖွဲ့က ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။ အိုင်ယာလန် မှ အမျိုးသားဂီတ

အတွင်း အယ်လ်ဘမ်များ ရောင်းချမှု၊ ဖျော် အြေဖွဲ့သည် (၂၀၀၉) ခုနှစ် ဖရေး ခရီးစဉ် များနှင့် အခြားသော အနုပညာ လှုပ်ရှားမှု များမှ ဒေါ်လာ၁၀၈.၆သန်း ရရှိခဲ့ပြီ ဖြစ်သည်။

ယင်းသည် ဒုတိယနေရာမှ ဘရုစပရင်းစတင်း ထက် (၂)ဆနီးပါး ပိုများပြီး မက်ဒေါနား ထက် မူ နှစ်ဆ ကျော် ပို၍ ဝင်ငွေရှိနေခဲ့သည်။ စပရင်းစတင်းသည် စုစုပေါင်း ဒေါ်လာ (၅၇.၆)သန်း ရရှိခဲ့ပြီး Pop ဘုရင်မ မက်ဒေါနား ကမူ ဒေါ်လာ(၄၇)သန်း ဝင်ငွေ ရှိခဲ့သည်။

U2 သည် ဖျော်ဖြေပွဲ လက်မှတ်များ ရောင်းချ ရမှုတွင်လည်း အများဆုံးအဖြစ် လက်မှတ် စောင်ရေ (၁.၅)သန်း ကျော်ဖြင့် စံချိန်တင်ခဲ့ ကြောင်း Billboard မဂ္ဂဇင်းက ဖော်ပြ ထားသည်။

ယခုနှစ် ဝင်ငွေ အကောင်းဆုံး ဂီတပညာရှင်များ စာရင်းတွင် အခြား Rock ဂီတ အဖွဲ့တခု ဖြစ်သည့် AC/DC လည်း ပါဝင်လာပြီး ဒေါ်လာ (၄၃.၇)သန်း အထိ ရရှိခဲ့သည်။ ထို့အပြင် မက်တယ်လစ်ကာ ကလည်း ဒေါ်လာ (၂၅.၆) သန်းဖြင့် ထိပ်ဆုံး နံပါတ်(၅) နေရာတွင် ပါဝင်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here