ပျော့ပြောင်း လူသားအဖြစ် ဂင်းနစ် စံချိန်တင်သော အိန္ဒိယ နိုင်ငံသား

alt

ဗီဂျေရှာမာသည် သက်ရှိ ရော်ဘာ ရုပ်ဟု တင်စား ခံရသူဖြစ်သည်။ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်းစာအုပ် တွင် အပျော့ပြောင်းဆုံး ခန္ဓာ ကိုယ် ပိုင်ရှင်အဖြစ် ဖော်ပြခြင်း

ခံရသည့် ဗီဂျေသည် တင်းနစ်ဘက်တံ တချောင်းကို ကျော်ကာ ၎င်း၏ ဦးခေါင်း ပေါ်သို့ ခြေထောက်ကို တင်ထားနိုင်သည်။

ထိုအချိန်တွင် လက်နှစ်ဖက်ကို ကျောဖက်သို့ ပိုက်ပြ ထားသေးသည်။ အလွန်ပျော့ ပြောင်းသော ခန္ဓာကိုယ် ပိုင်ရှင် အသက် (၂၇) သားသည် အိန္ဒိယ၏ ဂင်းနစ်စာအုပ်ဟု တင်စားခံရသည့် လင်ကာမှတ်တမ်း စာအုပ် တွင် ရော်ဘာလူသား အဖြစ် ဖော်ပြခံထားရပြီး ဖြစ်သည်။

ဗီဂျေက ၎င်းသည် တိုက်ခိုက်ရေးပညာ တရပ်ကို ဆည်းပူး သင်ကြားရာမှ ခန္ဓာကိုယ် အစိတ်အပိုင်းများကို လိုသလောက်ထိ ကွေး ကောက်နိုင်ကြောင်း သတိပြုမိ ခဲ့သည်ဟု ထုတ်ဖော် ပြောကြားသွားသည်။ ၎င်းသည် ဂျက်ကီချန်း ဇာတ်ကားများကို ကြည့်ရှုရာမှ ငယ်ငယ်ရွယ်ရွယ် အချိန်တွင် သိုင်းရူးထကာ လေ့ကျင့်ရာမှ ယခု လို စွမ်းအင်ထူးကို သိရှိလာခြင်း ဖြစ်သည်။

ရာဂျန်စတန်ရှိ ဂျွမ်ဟူနာ ရွာလေးတွင် နေထိုင်သော ဗီဂျေသည် ၎င်း၏ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ သေတ္တာ လေး တခုအတွင်း အလွယ်တကူ ထည့်ပြနိုင်သည်။ ၎င်းသည် ကြိုးဖြုတ်ထားသော အကျယ် (၉)လက်မခွဲရှိ တင်းနစ်ဘက်တံ အတွင်းမှ ခန္ဓာကိုယ်ကို ကျော်ဖြတ်ပြ ပြီးနောက် ဂင်းနစ် စာအုပ်တွင် မှတ်တမ်း ဝင်ခဲ့ပြီ ဖြစ်သည်။

၎င်းက ယခုလို စွမ်းရည်ထူးကို အသုံးချနိုင်ခြင်းဖြင့် သိုင်း အကျော်အမော် တယောက် ဖြစ်လာမည်ဟု မျှော်လင့် ကြောင်းလည်း Zee TV သို့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here