စစ်အစိုးရ အရာရှိကြီးများ စီးရန် အန်တိုနော့ဗ် AN-148 လေယာဉ်၂စင်း ဝယ်ယူမည်

alt

၂၀၀၄ ခုနှစ် အကုန်တွင် ယူကရိန်း နိုင်ငံမှ စတင် ထုတ်လုပ်၍ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ ဈေးကွက်တင် ခဲ့သော အန်တိုနော့ဗ် AN-148 ခရီးသည်တင် လေယာဉ် အမျိုးအစား ဂျက်လေယာဉ် ၂စင်းအား မြန်မာ စစ်အစိုးရ ဝယ်ယူမည်ဟု The Ukrain- ian air framer ကုမ္မဏီမှ အတည်ပြု ပြောဆို လိုက်သည်။

လျူရှင်း စီး​ပွားရေး အုပ်စုထံ လျှို့ဝှက် အမှာစာ ပေး ဝယ်ယူသော ခရီးသည်တင် အန်တိုနော့ဗ် AN-148 လေယာဉ်၂စင်းအား အရေးကြီးသော မြန်မာ စစ်အရာရှိကြီးများ စီးနင်းရန် ဖြစ်သည်ဟု သိရှိရပြီး၊ ထိုလေယာဉ်မှာ တာဘိုအင်ဂျင်၂လုံးတပ် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၈ သန်းမှ ၂၂သန်း အကြား ကုန်ကျနိုင် သည်ဟု သိရှိရသည်။ ယခု အမှာစာအား စစ်အစိုးရမှ ယခုနှစ် အတွင်း ရရှိချင်သည်ဟု ဆိုသော်လည်း လေယာဉ် တည် ဆောက်သော Voronezh Aircraft Production Association မှ ၂၀၁၁ ခုနှစ်ထက် နောက်မကျစေပဲ ပေးပို့ နိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟု ဆိုသည်။

၎င်းလေယာဉ်အား အရှေ့တောင် အာရှနိုင်ငံတခု ဖြစ်သော လာအို နိုင်ငံမှလည်း အလားတူ လေယာဉ် အမျိုးအစား An-140 နှင့် VIP များအတွက် An-74TK-300D ၂၀၀၉ခုနှစ် ကပင် ဝယ်ယူခဲ့ဖူးသည်ဟု သိရှိရသည်။ အန်တိုနော့ဗ် လေယာဉ် အမျိုးစား များအား အီဂျစ်နှင့် လစ်ဗျားနိုင်ငံ တို့မှ ဝယ်ယူ အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here