ETA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အား ပြင်သစ်တွင် ဖမ်းဆီးရမိ

alt

ပြင်သစ် နိုင်ငံတွင် နာမည်ကျော် အကြမ်းဖက် အဖွဲ့အစည်း တခု၏ ခေါင်းဆောင်အား ဖမ်းဆီးရမိ လိုက်ကြောင်း သိရှိရသည်။ ပြင်သစ် ရဲတပ်ဖွဲ့သည်

နိုင်ငံ မြောက်ပိုင်းတွင် ETA အကြမ်းဖက် တပ်ဖွဲ့ ခေါင်းဆောင် အိုင်ဘွန်ဂျို ဂျီယက်ကိုချီယာ အား ဖမ်းဆီး ရမိကြောင်း ကြေညာခဲ့သည်။

စပိန်နှင့် ပြင်သစ် အထူးတပ်ဖွဲ့များ ပူးပေါင်း စီးနင်းပြီးနောက် နော်မန်ဒီ အနီး မြို့ငယ်လေး ကာဟန်တွင် ဖမ်းဆီး နိုင်ခဲ့ခြင်းဟု စပိန်ပြည်ထဲရေး ဝန်ကြီးဌာန က လည်း အတည်ပြုခဲ့သည်။ အိုင်ဘွန်သည် (၁၉၉၇) ခုနှစ် ကတည်းက တိမ်းရှောင်နေခဲ့သူ ဖြစ်ပြီး စပိန်နိုင်ငံ၊ ဘီဘာအိုရှိ ဂူဂျန်ဟိမ်း ပြတိုက်သို့ စပိန်ဘုရင် ဂျူအန် ကားလို့ လာရောက်စဉ် အကြမ်းဖက် တိုက်ခိုက်ခဲ့မှု အတွက် အလိုရှိခြင်း ခံနေရသည့် နာမည်ကြီး အကြမ်းဖက် သမားတဦး ဖြစ်သည်။

ပြင်သစ် နှင့် စပိန် ပူးပေါင်းတပ်ဖွဲ့သည် အိုင်ဘွန် နှင့်အတူ ETA ထိပ်သီး ခေါင်းဆောင်များဟု ယူဆရသူ နှစ်ဦး ကိုပါ ဖမ်းဆီးထားနိုင်ကြောင်း ကြေညာခဲ့သည်။ ETA ခေါ် အကြမ်းဖက် အဖွဲ့သည် စပိန်တွင် အခြေစိုက်ပြီး ဘက်စကွီဒေသ ခွဲထွက်ရေး အတွက် အကြမ်းဖက် လှုပ်ရှား နေသူများ ဖြစ်သည်။ ယင်း တပ်ဖွဲ့ဝင် (၈၅၀)ခန့်ကို စပိန်အစိုးရက သုတ်သင်ခဲ့ပြီး ဖြစ်သလို ပြီးခဲ့သည့် နှစ်များအတွင်း အဖွဲ့ဝင် ရာဂဏန်းမျှအား ဖမ်းဆီး ထားနိုင ်ခဲ့သည်။ အိုင်ဘွန်သည် စပိန်နှင့် ပြင်သစ်တို့တွင် တလှည့်စီ ခိုအောင်းကာ ခြေရာဖျောက်နေခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် သီတင်းပါတ်တွင်မူ မလွတ်နိုင်တော့ချေ။

အသက် (၅၄)နှစ် အရွယ် အကြမ်းဖက် ခေါင်းဆောင်သည် (၂၀၀၆)ခုနှစ် မက်ဒရစ်လေဆိပ် ဗုံးခွဲမှုကြောင့် လူ(၂) ဦး သေဆုံးရသည့် ကိစ္စအတွက်လည်း စွပ်စွဲ ခံထားရသည်။ ETA တပ်ဖွဲ့၏ နောက်ဆုံး တိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက မာဂျော်ကာရှိ ရဲအရာရှိ နှစ်ဦးအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ စပိန် ရဲတပ်ဖွဲ့က အိုင်ဘွန်သည် ယခု ဖမ်းမိသူ နှစ်ဦးအား စပိန်သို့ အကြမ်းဖက် Operation တခုအတွက် စေလွှတ်ရန် စီစဉ်နေသည်ဟု ယူဆရချိန်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here