အဝတ်ဗလာဖြင့် ဟန်ရေးပြ ခဲ့ကြသည့် ဩစတြေးလျ နိုင်ငံသားများ

alt

ဩစတြေးလျ နိုင်ငံတွင် လူပေါင်း ၅၀၀၀ ကျော် အဝတ်အစားမပါဘဲ ဟန်ရေးပြ နေခြင်းကြောင့် ပတ်ဝန်းကျင်မှ လူအများ အတွက် အံ့ဩစရာ ဖြစ်ခဲ့ ရသည်။

ဆစ်ဒနီမြို့ရှိ နာမည်ကျော် အော်ပရာပြဇာတ် ရုံကြီးအနီး စုစည်းနေသော ယင်းလူ ၅၂၀၀ တို့သည် ကမ္ဘာကျော် ဓာတ်ပုံဆရာ စပင်ဆာ တူနစ် အား ကူညီရန် ရောက်ရှိ နေခြင်းဖြစ် သည်။

တူနစ်သည် မတ်လ (၁)ရက်နေ့တွင် ဆစ်ဒနီ၌ ဓာတ်ပုံရိုက်ရန် လူအများအား စုစည်းထားခြင်း ဖြစ်သည်။ ၎င်းသည် လူအများ သွားလာနေသည့် နေရာများတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးရာတွင် နာမည် ကျော်လှသည့် ပညာရှင်လည်း ဖြစ်သည်။

ယခုကိစ္စသည် ခက်ခဲကြောင်း၊ ရှက်နေသော လူများစွာတို့သည် အချင်းချင်း အပြန်အလှန် ဖက်လှဲတကင်း မရှိသဖြင့် လိုချင်သော အနေ အထား မရခဲ့ကြောင်း၊ သို့သော်လည်း မိမိအတွက်မူ ပျော်စရာကောင်းပြီး အတွေ့ အကြံုသစ်ကို ရရှိစေကြောင်း တူနစ်က ပြောကြားသွားသည်။ တူနစ်အတွက် ဓာတ်ပုံ အရိုက်ခံရန် ကူညီသူများသည် ကြီးမား ခံ့ထည်လှသော အဆောက်အအုံကြီး ရှေ့တွင် သဘာဝ အနေအထားဖြင့် သွားလာ လှုပ်ရှားနေသည့် အတိုင်း နှုတ်ဆက်နေကြ၊ စကားစမြည် ပြောဆိုနေကြ၊ အနမ်းချင်း ဖလှယ်နေကြသည်။

အသက် (၁၉)နှစ်အရွယ် အက်ရက်ရှ်သည် အစီအစဉ်တွင် ကိုယ်တိုင် ပါင်ခဲ့သူဖြစ်ပြီး ယခုလို ကိစ္စမျိုးအတွက် တခါ မျှ မကြံုဖူးကြောင်း၊ ထို့အပြင် လိင် စိတ်လှုံ့ဆော်သည့် ခံစားမှုမျိုးလည်း မရှိခဲ့ကြောင်း၊ နေရထိုင်ရ ခက်ခဲ သော်လည်း လူသားဆန်သော အနုပညာတခုကို ဖန်တီးနေသည် ဟုသာ ခံယူမိကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here