အမေရိကား၌ သန်းခေါင်စာရင်း ကောက်ခံမှု မတ်လ တွင် စတင်မည်

alt

အမေရိကန် နိုင်ငံတလွှား နေထိုင် ကြသော အလွှာ အသီးသီးမှ လူတန်းစားပေါင်းစုံ အား လူဦးရေ မည်၍ မည်မျှ ရှိသည်ကို သိရှိရန် သန်းခေါင်စာရင်း ကောက်ခံမှု

ကင်မ်ပိန်းအား ယမန်နှစ် ကတည်းကပင် U.S. Census Bureau မှ လှုပ်ရှားမှု အသွင် သဏ္ဍာန်ဖြင့် လုပ်ဆောင်နေရာ ယခုအခါ အချိန်နီးကပ် လာပြီ ဖြစ်၍ အလုပ်ရုံ ဆွေးနွေး ပွဲများ ပြုလုပ်လျှက် ရှိသည်ဟု သိရှိရသည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၈ရက် နေ့တွင် အော်ရီဂန် ပြည်နယ် ပို့တ်လန်းမြို့၌ ယင်းဗျူရိုမှ အမေရိကန် နိုင်ငံ အတွင်း နေထိုင်သော အာရှ၊ ပစ္စဖိတ် ဒေသ တွင်း နိုင်ငံသားများအား အလုပ်ရုံ ဆွေးနွေးပွဲ အဖြစ် South East 72th လမ်းမပေါ်ရှိ မောင့် စကော့တ် ပန်းခြံ အပမ်းဖြေ အဆောက် အဦးတွင် ကျင်းပရာ အာရှ ဒေသတွင်း လူမျိုးပေါင်းစုံ တက်ရောက် ခဲ့ကြသည်။

ယင်း အလုပ်ရုံ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသူ U.S. Census Bureau မှ ဒေသတွင်းဗျူရို ဆူပါ ဗိုက်ဇာ မလေးရှား နိုင်ငံသူ မစ္စပင်း(Ms.Ping) မှ ယခင် သန်းခေါင်စာရင်း ကောက်ခံမှုမှာ ၁၀နှစ် တကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း လွန်ခဲ့သော ၁၀နှစ် သက္ကရာဇ် ၂၀၀၀ တွင် အော်ရီဂန် ပြည်နယ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် မြန်မာ လူမျိုးများ မပါဝင် ခဲ့သေးကြောင်း၊ သန်းခေါင် စာရင်း ကောက်ခံမှုကို အမေရိကန်နိုင်ငံ အတွင်း နေထိုင် သူများမှာ ကြောက်စရာ မလိုကြောင်း၊ လူဦးရေနှင့် လူမျိုးမည်၍ မည်မျှ နေထိုင်ကြောင်းသာ ကောက်ခံသဖြင့် ဥပါဒ် မဖြစ် ကြောင်း ပြောဆိုလိုက်သည်။

ယခု မတ်လ ၁၅ရက်တွင် စတင်မည့် အမေရိကန် သန်းခေါင်စာရင်း ကောက်ခံမှု ဘာသာပေါင်းစုံနှင့် လျှောက်လွှာ စာရွက်များ စီစဉ်ထားပေးပြီး အလွန်ရိုးစင်းသော အမည်၊ လိပ်စာ ၊ လူမျိုး၊ ဘာသာ စသော မေးခွန်းများသာ ဖြည့် စွက်ရန် လိုအပ်သည်ဟု သိရှိရသည်။ အမေရိကန် နိုင်ငံအတွင်း အခြေချ နေထိုင်သူ မည်သူမည်ဝါ မဆိုပါဝင် သန်းခေါင်စာရင်း ပေးကြရန် 2010 Census Bureau မှ တိုက်တွန်းထားလိုက်သည်။

ယခုအခါ အခြေချ နေထိုင်သူ များပြားလာသော အမေရိကန် နိုင်ငံအတွင်း နေထိုင်သော မြန်မာနိုင်ငံသားများ အားလည်း မိမိတို့ နေထိုင်ရာ မြို့၊ ပြည်နယ်များရှိ ကွန်မြူနတီ စင်တာများ၊ အစိုးရရုံးများ၊ N.G.O ရုံးများတွင် မေးမြန်း အကူညီတောင်းနိုင်ပြီး အွန်လိုင်းမှ ဝဘ်ဆိုဒ် http://2010.census.gov/2010census/ တွင်လည်း လေ့လာကာ သန်းခေါင်စာရင်း ပေးကြပါရန် လူထုအသံမှ လက်ဆင့်ကမ်း နှိုးဆော် လိုက်ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here