ကားလ်လင်း ဖလား သရဲနီတို့ အောင်ပွဲခံ

alt

တနင်္ဂနွေ နေ့က လန်ဒန်မြို့ ဝင်ဘယ်လ်ဒန် အားကစား ကွင်းတွင် ပရိသတ် ၉သောင်း နီးပါး လာရောက် အားပေးခဲ့သော ကားလ် လင်း ဖလား ဗိုလ်လုပွဲကို

အက်စတန် ဗီလာ နှင့် မန်ယူတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရာ မန်ယူ မှ ၂-၁ ဂိုးနှင့် ဗီလာ အား အနိုင် ကစားသွားခဲ့သည်။

ပွဲစပြီး မကြာမီတွင် အက်စတန် ဗီလာမှ ဂိုး ဧရိယာထဲတွင် ပြစ်ဒဏ်ဘော ရ၍ ဂျိမ်းစ်မီနာ ကန်သွင်း၍ ဗီလာ အဖွင့် ကောင်းခဲ့ရသည်။ ၁၂မိနစ် အကြာတွင် တိုက်စစ်ဖြင့် ကစားနေ သော် မန်ယူအတွက် ဗီလာ နောက်တန်း အမှားကို ဒီမီတာ ဘာဘာတော့ဗ်မှ ဆွဲပြေးကန်ရာ နောက်တန်းဖျက်သည့် နောက်ထပ် အမှားကို မိုက် ကယ်လ်အိုဝင်မှ ပြေးကန် ကန်သွင်းရာ မန်ယူ ချေပဂိုး ရသွားချိန်တွင် ဝိန်းရူနီမှာ အရံခုံ တွင် ထိုင်နေရသည်။

ပထမပိုင်း ပြီးခါနီး ၄၂မိနစ်တွင် မိုက်ကယ်လ် အိုဝင် ခြေထောက်တွင် ဒဏ်ရာ ရရှိသဖြင့် လူစားထိုးရာ လန်ဒန်တွင် ခြေအလွန် စွာနေသော ဝိန်းရူနီ ဝင်ရောက် လာခဲ့သည်။ ဒုတိယပိုင်း ရ၄မိနစ်တွင် ဗီလာ၏ ဧရိယာတွင် ဘာဘာ တော့ဗ် နှင့် အန်တိုနီယို ဗလင်ဆီယာတို့ အပေးအယူ လုပ်ကာ ဆင်ပေးလိုက်သဖြင့် ရူနီ ခေါင်းတိုက်သွင်းယူရာ ကားလ်လင်း ဖလားအား သရဲနီ ဟုခေါ်သော လက်ရှိ ကားလ်လင်းချန်ပီယံ မန်ယူမှာ ဆုဖလားကို ကာကွယ် သွားနိုင် ခဲ့သည်။

အက်စတန် ဗီလာမှာ ကားလ်လင်းဖလားကို ၅ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး၊ မန်ယူမှာ ၃ကြိမ်သာ ဗိုလ်စွဲဖူးသူ ဖြစ်ကာ ယခု ကားးလ်လင်း ဖလား ရာဇဝင်ကို ချိုးဖျက်ကာ မန်ယူမှာ ၂နှစ် ဆက် တိုက် ဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here