ထိုင်း ဝန်ကြီးချုပ်ဟောင်း ချစားမှုနဲ့ နောက်ဆက်တွဲ သတင်း

alt

ချစားမှုကြောင့် တိုင်းပြည်မှ ထွက် ပြေးနေရတဲ့ ထိုင်း ဝန်ကြီးချုပ် ဟောင်း တက်ဆင် ရှင်နာဝတ္ထရာ ရဲ့ ပိုင်ဆိုင်သော ဒေါ်လာသန်း၂ထောင် ထဲမှတဝက် ဘီလျံသန်း ၁ထောင်

ကျော်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူ ကြောင်း ထိုင်း ဗဟိုတရားရုံးက သောကြာ နေ့တွင် ဆုံးဖြတ်ချက်ချ ခွင့်ပြုလိုက်သည်ဟု သိရှိ ရသည်။

မစ္စတာ တက်ဆင်မှာ ဝန်ကြီးချုပ်ဘဝ သူ အာ ဏာ ရှိစဉ်တုန်းက အာဏာ အလွဲသုံးစား လုပ် ကာ သူ၏ ပုဂ္ဂလိက အကျိုး စီးပွားအတွက် သူ ပိုင် ရှင်းကုမ္ပဏီ စင်္ကာပူ သမာဆတ် ကုမ္ပဏီသို့ ရောင်းချရာ အခွန်ရှောင်မှုနှင့် သူ့ဇနီး၏ ရှယ်ယာ ပိုင်ဆိုင်မှု၊ မြေယာများ တရားနည်းလမ်းမကျ ကွယ်ဝှက် လွှဲပြောင်းခဲ့တာမှု၊ မိုဘိုင်း တယ်လီဖုန်း နှင့် ဆိုင်သော မူဝါဒ စည်း မျဉ်းတွေ ချမှတ်ရာတွင် သူပိုင် ရှင်းကုမ္ပဏီ အကျိုး အမြတ်ရှိရန် စသော အာဏာ အလွဲသုံးစား လုပ်ခဲ့မှု များကြောင့် ယခုလို့ စွပ်စွဲခံရခြင်း ဖြစ်သည်။

ထိုထက် ထူးခြားသည်မှာ ထိုင်းသွင်းကုန် ထုတ်ကုန် (Ex-In) ဘဏ်မှ မြန်မာနိုင်ငံအား အထူးနှုန်းဖြင့် ငွေထုတ်ချေး ရာတွင်လည်း ငွေ ချေရာ၌ သူပိုင် ရှင်းတယ်လီကွန်း ကုမ္ပဏီထံ ပြန်ပေးချေရန် မသမာမှု ပြုလုပ်ခဲ့မှုကြောင့် အပြစ် ရှိသည်ဟု ထိုင်း တရားသူကြီးများမှ စွပ်စွဲ ပြောကြားလိုက်သည်။ မစ္စတာတက်ဆင် သည် ဒူဘိုင်းမှ နေ၍ ယခု နိုင်ငံ တော်မှ သိမ်းယူသွားသော ပိုင်ဆိုင်မှုများမှာ သူ့ မိသားစုဝင်တွေ ပိုင်ဆိုင်တာ ဖြစ်ကြောင်း၊ သူရဲ့ကိုယ်ပိုင် ကြိုးစားမှု နဲ့ ရှာဖွေထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ဆိုပြီး အခုအစိုးရ စွပ်စွဲသလို အပြစ်မရှိဘူး လို့ ငြင်းဆိုပါတယ်။

တရားစီရင်တဲ့ သောကြာနေ့ နေ့ခင်းပိုင်း တလျှောက်လုံး တရားရုံး ပတ်လည်မှာ ရာဂဏန်းကျော် ရှိတဲ့ လုံခြံုရေး တွေ အပြည့် ချထားပါတယ်။ သူ့ကို ထောက်ခံသူတွေ ကလည်း ယခင် အပါတ်ထဲမှ ဆန္ဒပြမှုတွေ ပြုလုပ်နေပြီး မနေ့ က တက်ဆင် ပိုင်ဆိုင်မှုတွေ သိမ်းဆည်းထားတဲ့ ဘန်ကောက်မြို့လယ်မှ ဘန်ကောက် ဘဏ်အား ဗုံးခွဲ တိုက်ခိုက်မှု ဖြစ် ပွားခဲ့ပြီး အခြားသော ဘန်ကောက်ဘဏ် ၄ခုအားလည်း အလားတူ တိုက်ခိုက်မှုမျိုး ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရိုက်တာ သတင်းဋ္ဌာနသို့ ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံရေး အကဲခပ်များမှ ထို အဖြစ်များကြောင့် ထိုင်းနိုင်ငံ ရေးမှာ လိပ်ခဲတင်းတင်း ဖြစ်နေပြီး နိုင်ငံရေး တည်ငြိမ်ဦးမည် မဟုတ်ကြောင်း သုံးသပ်နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here