အိန္ဒိယ နှင့် နာဂ သူပုန်တို့ ငြိမ်းချမ်းရေး စကား ပြောကြမည်

alt

အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေး နယ်မြေ တောင်းဆို နေသော နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN – IM) ပျောက်ကျား စစ်် ခေါင်းဆောင် အိုင်ဆက်ခ် ချီရှီဆဝူး

မှာ ယမန်နေ့က နယ်သာလန် နိုင်ငံမှ အိန္ဒိယ မြို့တော်သို့ ရောက်ရှိလာကြောင်း ယနေ့ တနင်္ဂနွေ နေ့တွင် နယူးဒေလီ၌ အေအက်ဖ်ပီ သတင်းဋ္ဌာန သို့ ပြောဆိုလိုက်သည်။

တောတောင်များ ထူထပ်ရာ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံ တို့နှင့်နယ်ခြား ကီလိုမီတာ ၁၆၄၃ အရှည်ရှိ မဏိပူရ်၊ အာသံ၊ မီဇူရမ် နယ်မြေများ တွင် လှုပ်ရှားနေသော နာဂသူပုန် NSCN-IM မှာ အိန္ဒိယ အစိုးရထံမှ မဟာနာဂ နယ်မြေ ထူထောင်ရန် နှစ်ပေါင်းများစွာ ပုန်ကန်ထကြွ တောင်းဆိုနေသော ပျောက်ကျားတပ်ဖွဲ့ ဖြစ် သည်။

အိုင်ဆက်ခ် ချီရှီဆဝူး နှင့်အတူ လိုက်ပါလာ သော NSCN-IM အထွေထွေ အတွင်းရေးမှူး သူယင်ဂါလမ် မူဗဘ် က မိမိတို့မှာ အိန္ဒိယ အစိုးရ၏ ဖိတ်ကြားချက် အရ ယခု ရောက်ရှိလာခြင်း ဖြစ်ပြီး၊ အချက်အခြာ ကျသော တောင်းဆိုချက်များကို အဓိကထား၍ အကောင်းမြင် ကာ ပြောဆိုကြမည်ဟု ထုတ်ပြန် ပြောဆို လိုက်သည်။ ဆက်လက်ပြီး မူဗဘ် က မိမိတို့ ဘိုးဘွားပိုင် နာဂနယ်မြေအား ၁၀နှစ်ကျော်ကြာ အိန္ဒိယအစိုးရ နှင့် ငြိမ်းချမ်းရေး စကားပြောကြားခဲ့ သော်လည်း အဖြေ မတွေ့ခဲ့ရဟု ဆိုလိုက် သည်။

မိမိတို့ နာဂများ နေထိုင်ရာ မဏိပူရ်၊ အာသံ နှင့် အရူနာချာ ပရာဒက်ရှ် ခရိုင်တွင် သိန်းနဲ့ချီ၍ နေထိုင်သော နာဂ ပြည်သူ များ၏ အချုပ်အခြာ အာဏာကို ဆွဲကိုင်၍ တောင်းဆိုမည်ဟု ပြောကြားလိုက်သည်။ တဖက်မှ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဂိုလ်ပါးရ် ခရစ်ရှ်နား ပီလိုင်း မှလည်း အိန္ဒိယနိုင်ငံ၏ အချုပ်အခြာ အာဏာအား ထိပါး ပြိုကွဲ စေမည်ဟု ဆိုလျှင် မဖြစ်နိုင်ဟု စနေနေ့က ပြောဆိုလိုက်သည်။

ထို နာဂသူပုန် NSCN-IM အဖွဲ့နှင့် အိန္ဒိယ အစိုးရတို့ ၁၉၉၇ ခုနှစ် ဩဂုတ်လက အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်း ရေး စကားပြောဆိုခဲ့ သော်လည်း အိန္ဒိယ အစိုးရဖက်မှ အပစ်ရပ် သဘောတူညီချက်ကို အကာအကွယ် လုပ်ခါ တင်း ကြပ်သော လုပ်ရပ်များကြောင့် ၂၀၀၇ ခုနှစ်တွင် ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ရသော ပျောက်ကြားခွဲထွက် အဖွဲ့ဖြစ် သည်။ ထို နာဂနယ်မြေမှာ အိန္ဒိယ ဗြိတိသျှ ကိုလိုနီလက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရစဉ်မှ အငြင်း ပွားနေသော ဒေသဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here