ပြင်းအားကြီးသော ငလျင် ချီလီတွင် လှုပ်ခတ်သွား

alt

စနေနေ့ မနက် အစောပိုင်း ၃နာရီ ၃၄မိနစ် က တောင်အမေရိက နိုင်ငံတခု ဖြစ်သော ချီလီ နိုင်ငံတွင် နှစ်၅၀ အတွင်း ပြင်းအား ရစ်ချ်တာ စကေး၉ နီးပါး ၈.၈ရှိသည့်

အင်အား ပြင်းထန်သော မြေငလျင်တခု လှုပ် ခတ် သွားခဲ့ပြီး မြေငလျင် ကြောင့် အကြီး အမား ထိခိုက်မှုများ စက္ကန့်ပိုင်းအတွင်း တွေ့ရှိ ခဲ့ရပြီး ယခု အချိန် အထိ လူပေါင်း ၄၀၀ကျော် သေဆုံး သွားပြီဟု ချီလီ မီဒီယာတွင် ကြေညာ သွားခဲ့သည်။

ချီလီသမ္မတ မစ်ချဲလ် ဘက်ချလက် ကတော့ သေဆုံးသူ အရေအတွက်ဟာ အခုထက် ပိုတိုးတက် များပြားလာ လိမ့်မယ် မျှော်လင့် ထားကြောင်း၊ နိုင်ငံအလယ်ပိုင်း ဒေသတွေကို သဘာဝ ဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသတွေ အ ဖြစ် ကြေညာလိုက်ကာ လွန်ခဲ့သည့်လက ဟေတီတွင် လှုပ်ခတ်သွားသော မြေငလျင် ကို အတွေ့အကြံုယူကာ ယခု ပြင်း ထန်သော ချီလီ မြေငလျင်ကြောင့် ဒါဇင်နှင့်ချီသော ပစိဖိတ်ဒေသ တလျှောက် ကျွန်းနိုင်ငံများတွင် ဆူနာမီ ရေ လှိုင်းတွေ ဖြစ်ပေါ်ခဲ့သည်။

အမေရိကန် အနောက်ဘက် ကမ်းခြေမှ နယူးဇီလန် အထိ ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရ သည်။ အမေရိကန် ပြည်ထောင်စုပိုင် ဟာဝိုင်ယီကျွန်းသို့ စနေနေ့ မနက် ၁၁နာရီတွင် ဆူနာမီ ရောက်ရှိလာနိုင် ကြောင်း ကြေညာ ထုတ်ပြန်ထားသည်။ ချီလီနိုင်ငံ မြို့တော် ဆန်ဒီရေးဂိုး အနောက်တောင်ပိုင်း ၂၀၀မိုင်ကျော် အကွာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့သော ယခုငလျင်မှာ နှစ်၁၀၀ အတွင်း လှုပ်ခတ်သွားသော အီကွေဒေါ ငလျင်နှင့် နှိုင်း ယှဉ် ဖေါ်ပြကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here