အရေးပေါ် ဖုန်းနံပါတ် မှားခေါ်မိပြီး အဖမ်းခံရသည့် ဖောက်ထွင်း သမားနှစ်ဦး

alt

အမေရိကန် ရဲတပ်ဖွဲ့က ဖလော်ရီဒါရှိ ဆယ်ကျော်သက် နှစ်ဦးသည် အရေးပေါ် ဖုန်းနံပါတ် (၉၁၁)သို့ မှား ယွင်း ဖုန်းခေါ် မိပြီးနောက် ၎င်းတို့ ကြံစည်နေသည့် ဖောက်ထွင်းမှု ပေါ်ပေါက်ကာ အဖမ်းခံ လိုက်ရ ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ တဦးသည် ကားများအား ခိုးယူရန် ပြောဆိုနေစဉ် ကျန်တဦးက ၎င်း၏ဖုန်းအား မတော်တဆဖြင့် (၉၁၁)သို့ ခေါ်သည့် ခလုတ်အား နှိပ်မိခဲ့ရာမှ ရဲများက အလုံးစုံ ကြားပြီး လာရောက် ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယခုအခါ ဒေတိုနာ ကမ်းခြေ ရဲတပ်ဖွဲ့သည် အသက် (၁၉)နှစ်အရွယ် စတက်ဖနီ ဗားဂက် နှင့် အသက် (၁၃)နှစ် အရွယ် လူငယ်တဦးကို ဖောက်ထွင်းရန် ကြံစည်မှုဖြင့် ထိန်းသိမ်းထားပြီး ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပါတ်ကုန်က ဖြစ်ပွားခဲ့သော ကိစ္စတွင် ရဲများက ထိုနေရာသို့ ရောက်ရှိသွားရာ ကားတစင်း အတွင်း ဝင်ရောက်နေသည့် (၁၃)နှစ် အရွယ် လူငယ်အား လက်ပူးလက်ကြပ် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆို ခွင့်ရ အရာရှိ ဂျေမီဖလင့်က ဆိုသည်။

၎င်းတို့ နှစ်ဦးသည် ဗားဂက် မောင်းသည့် ပြိုင်ကားလေး တစင်းဖြင့် ထွက်ပြေးရန် ကြိုးပမ်း ခဲ့သေးသော်လည်း မလွတ်မြောက်ခဲ့ပေ။ ရဲများက ထိုနှစ်ဦးလုံးသည် နောက်ပိုင်းတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here