တရုတ် နာမည်ကြီး စူပါမော်ဒယ်လ် ၏ Sex ဗီဒီယို အင်တာနက်တွင် Upload တင်ခံရ

alt

တရုတ်နိုင်ငံ၏ နာမည်အကြီးဆုံး စူပါ မော်ဒယ်လ် တဦးမှာ အင်တာ နက်တွင် သူမ၏ Sex ဗီဒီယို Upload အတင် ခံရခြင်းကြောင့် ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည်။

ရှူရှူဟု ပရိသတ်က ချစ်စနိုးခေါ်ကြသည့် အသက် (၂၃)နှစ် အရွယ် ဇိုင်လင်းသည် ဘေဂျင်းမြို့ New Silk Road မော်ဒယ်လ် အေဂျင်စီ၏ နာမည်အကြီးဆုံး မော်ဒယ်လ် တဦးလည်းဖြစ်သလို (၂၀၀၆)ခုနှစ် တရုတ် Underwear မော်ဒယ်လ် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိထားသူ ဖြစ်သည်။

သူမ၏ ချစ်သူဟောင်းဖြစ်သူ ယန်ဒီ ဆိုသူသည် ရှူရှူ၏ Sex ဗီဒီယို (၃)ခုကို Upload တင်ခဲ့ကြောင်း သူမ၏ မိတ်ဆွေများက စွပ်စွဲ ခဲ့သည်။ ပြီးခဲ့သော သီတင်းပါတ်က အင်တာ နက်ပေါ် ရောက်ရှိလာသည့် ရှူရှူ၏ ဗီဒီယိုများ နှင့်အတူ သူမ၏ မဖွယ်မရာ ဓာတ်ပုံများပါ ထွက်ပေါ်လာကြောင်း သိရှိရသည်။

ယန်သည် ရှူရှူ၏ ပထမဆုံး ဓာတ်ပုံဆရာလည်း ဖြစ်ပြီး လွန်ခဲ့သော (၃)လက စူပါမော်ဒယ်လ်နှင့် ချစ်သူများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ယန်က ရှူရှူသည် အကြီးအကျယ် အောင်မြင် လာပြီးနောက် သူမ အား ပခုံးထမ်း တင်ပေးခဲ့သည့် ၎င်းအား စွန့်ခွာရန် ကြံစည်နေသည်ဟု စွပ်စွဲကာ ယခုလို Sex ဗီဒီယိုများ ဖြန့်လိုက်ခြင်း ဖြစ် ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘီဂျင်းတွင် SOBYD ဟု လူသိများနေသည့် ဗီဒီယိုတွင် ရှူရှူနှင့် လိင် ဆက်ဆံနေသူမှာ ယန် ဖြစ်ကြောင်းလည်း သိရှိရသည်။ ထိုကိစ္စ ပေါ်ပေါက်လာပြီး နောက် New Silk Road မော်ဒယ်လ် အေဂျင်စီက အလွန် အံ့အားသင့် ထိတ်လန့်မိကြောင်း ကြေညာခဲ့သလို ရှူရှူအပေါ် ဝေဖန် ရှုတ်ချမှုများလည်း တစထက် တစ ပြင်းထန်လာခဲ့သည်။

အတွင်း သတင်းများ၏ အဆိုအရ ရှူရှူသည် ထိုဗီဒီယိုများ လူအများကြား ပျံ့နှံ့ လာပြီးနောက် မိမိကိုယ်ကိုယ် သတ်သေ ခဲ့သေးသော်လည်း သူငယ်ချင်း များက ကယ်တင်ခဲ့သဖြင့် အသက်ရှင် နေခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here