မော်ရင်ညို လန်ဒန် ပြန်ရောက်ပါက ကြိုဆိုဂုဏ်ပြု ခံရမည်ဟု လမ်းပတ် ပြောကြား

alt

ဟိုဆေး မော်ရင်ညို အနေနှင့် လန်ဒန် မြေသို့ ပြန်ရောက် လာချိန်တွင် အကောင်းဆုံး ကြိုဆိုဂုဏ်ပြု ခံရ မည်ဟု ယုံကြည်ကြောင်း ချဲလ်ဆီး ကွင်းလယ်လူ ဖရန့်လမ်းပတ် က ပြောကြား လိုက်သည်။

ပေါ်တူဂီ နည်းပြ မော်ရင်ညိုသည် ချဲလ်ဆီးအား အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင် ပေး ပြီးနောက် ယခုအခါ အီတလီချန်ပီယံ အင်တာ မီလန်အား နည်းပြအဖြစ် ကိုင်တွယ်လျက် ရှိသည်။ မော်ရင်ညို၏ အင်တာ အသင်းသည် ယခု သီတင်းပါတ်အတွင်း အိမ်ကွင်းတွင် ဥရောပ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်၌ ချဲလ်ဆီး အား (၂-၁)ဖြင့် အနိုင် ရရှိထားသည်။

မော်ရင်ညို ဦးဆောင်သော အင်တာသည် မတ်လ (၁၆)ရက်နေ့တွင် ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ ဘရစ်ချ်၌ လာရောက် ယှဉ်ပြိုင် ရဦးမည်ဖြစ်ရာ ပရိသတ်များ အနေနှင့် နည်းပြဟောင်းအား သောင်းသောင်းဖြဖြ ကြိုဆိုကြ မည်ဟု မိမိ ယုံကြည်ကြောင်း အသက် (၃၁)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်က ပြောကြားခဲ့သည်။

မော်ရင်ညိုသည် ချဲလ်ဆီးအသင်း နှစ်ပေါင်း(၅၀)ကျော် ဝေးကွာနေသည့် အင်္ဂလန် အမှတ်ပေး ချန်ပီယံဘွဲ့ကို (၂) နှစ် ဆက်တိုက် အရယူ ပေးနိုင်ခဲ့သူ ဖြစ်ပြီး ယခုတိုင် ပရိသတ်များ၏ အချစ်တော် နည်းပြအဖြစ် ဂုဏ်ပြုခံနေရဆဲ ဖြစ်သည်။ လမ်းပတ်က မော်ရင်ညိုအား လန်ဒန်မြို့တွင် ပြန်တွေ့ရမည့် အတွက် ဝမ်းသာရကြောင်း၊ သို့သော်လည်း မိမိတို့ အနေနှင့် နည်းပြဟောင်းအား အနိုင်ယူကာ နောက်တဆင့် တက်ရေးအတွက် အစွမ်းကုန် အားထုတ် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here