အသက်၅၀ကျော် အမျိုးသမီးများ လေဖြတ်ခံရမှု အဆီ စားသုံးမှုနှင့် ဆက်စပ်နေ

alt

လေ့လာမှု အသစ်တခုက အသက် (၅၀)ကျော် အမျိုးသမီး များတွင် အဆီ စားသုံးမှု ပမာဏ အလိုက် လေဖြတ် ခံရနိုင်သည့် အခြေအနေ တွင် သက်ရောက်မှု ကွဲပြားနေ ကြောင်း ဖော်ပြ လိုက်သည်။

သုတေသီ များ၏ အဆိုအရ သက်ကြီးပိုင်း အမျိုးသမီး များတွင် အဆီ ပမာဏ အမြောက် အမြား စားသုံးသူများသည် သာမန်ထက် လေဖြတ်နိုင်ခြေ (၄၄) ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရှိရသည်။ ထို့အတူ အဆီ လျှော့ စားသော အမျိုးသမီး များမှာလည်း လေဖြတ် နိုင်သည့် အနေအထားအား လျှော့ချနိုင်မည်ဟု ဆိုသည်။

ထို့ကြောင့် အဆီများသော အစားအစာများ၊ ကွတ်ကီးစသည့် မုန့်များကို ရှောင်ကြဉ် သင့်ကြောင်း ပညာရှင်များက အဆိုပြု ကြခဲ့သည်။ အမေရိကန် လေဖြတ်မှု လေ့လာရေး အဖွဲ့ကြီးက ယခု စမ်းသပ် တွေ့ရှိမှုကို ဖေဖော်ဝါရီလ (၂၄) ရက် နေ့က ဆန်အန်တိုနီယိုတွင် ပြုလုပ်သည့် အဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆရာဝန်များက အဆီဓာတ်ကို ဟင်းသီးဟင်းရွက် နှင့် မြေပဲကဲ့သို့ ကျန်းမာရေး အတွက် သင့်တော်သော အဆီများ မှသာ ဖြည့်ဆည်း သင့်ကြောင်းလည်း အကြံပြု ဆွေး နွေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here