ဆွစ်ဇာလန်အား ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် လစ်ဗျား ခေါင်းဆောင် ကဒါဖီ တိုက်တွန်း

alt

ဆွစ်ဇာလန်အား မွတ်ဆလင် တို့ အနေနှင့် ဂျီဟတ်(ခေါ်) မြင့်မြတ် သော ဘာသာရေး စစ်ပွဲတရပ် ဆင်နွှဲရန် လစ်ဗျား ခေါင်းဆောင် မိုမာ ကဒါဖီက တိုက်တွန်းပြော ကြား လိုက်သည်။

ကဒါဖီက ဆွစ်ဇာလန် နိုင်ငံသည် ဗလီများကို ဖျက်ဆီးနေကြောင်း စွပ်စွဲခဲ့ပြီး မွတ်ဆလင် ကမ္ဘာ တခုလုံးက တမန်တော် မိုဟာမက်၊ အလ္လာ အရှင်မြတ်နှင့် ကိုရမ် ကျမ်းစာတို့ကို စော်ကား နေသည့် နိုင်ငံအား ဆန့်ကျင် သွားရန် တောင်း ဆိုလိုက်သည်။

ဆွစ်ဇာလန် နိုင်ငံတွင် မွတ်ဆလင်ဗလီ ဝတ်ပြု မျှော်စင်များ ဆောက်လုပ်ခွင့်ကို ဥပဒေ ပြဌာန်းကာ ပိတ်ပင်ထားခြင်း အပေါ် ဗိုလ်မှူးကြီး တဦးလည်း ဖြစ်သည့် ကဒါဖီက အခဲမကျေ ဖြစ်နေခြင်း ဖြစ်သည်။ ဆွစ်ဇာ လန် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ကဒါဖီ၏ ရန်လိုသော တောင်းဆိုမှုအတွက် တစုံတရာ မှတ်ချက် မပေး လိုကြောင်း ပြောကြားခဲ့သည်။

ကဒါဖီနှင့် ဆွစ်ဇာလန်တို့သည် ယခင် ကတည်းက အကြိတ်အခဲ ရှိခဲ့ဖူးပြီး ဖြစ်သည်။ ကဒါဖီ၏ သားဖြစ်သူ ဟန်နီ ဘယ် က အခိုင်းအစေ နှစ်ဦးကို ရိုက်နှက်ခဲ့ခြင်း အတွက် ဂျီနီဗာမြို့တွင် ဆွစ်ဇာလန် ရဲက ဖမ်းဆီးခဲ့ရာ ထိုစဉ်က ချက် ချင်းလိုလို ပင် (၂၀၀၈)ခုနှစ်၊ ဇူလိုင်လတွင် ကဒါဖီ ကလည်း လစ်ဗျားတွင် ရှိနေသည့် ဆွစ်ဇာလန် စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးအား ချုပ်နှောင် တုန့်ပြန် ခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက ဆွစ်ဇာလန် အတိုက်အခံ ပါတီက တင်သွင်းသည့် မွတ်ဆလင် ဗလီမျှော်စင် များ ဆောက်လုပ်ခွင့် ပိတ်ပင်ရေး အဆိုကို လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြု လိုက်စဉ်ကလည်း ရေနံ ကြွယ်ဝသော အာဖရိက နိုင်ငံမှ စစ်ခေါင်းဆောင်သည် အခြားသော မွတ်ဆလင် နိုင်ငံများကဲ့သို့ အပြင်းအ ထန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here