ဒေါ်စု အမှု စစ်အစိုးရ ဗဟိုတရားရုံးမှ ပလပ်ခံရ၍ နိုင်ငံတကာမှ ကန့်ကွက်ကြ

alt

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ် ချိုးဖောက်မှု နှင့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့အပါ အဝင် တင်သွင်းသည့် နောက်ဆုံး အရေးယူ ထားသော

ပြစ်မှုဆိုင်ရာ အရေးယူမှုကို ပြင်ဆင်ရန် တင်ပြချက်ကို မြန်မာ စစ်အစိုးရ ဗဟိုတရား ရုံးက သောကြာနေ့မှာ ပလပ် လိုက်ကြောင်း မြန်မာ မီဒီယာများတွင် အကျယ်တဝင့် ဖေါ်ပြထားကြ သည်။

ထို ဖြစ်ရပ်နှင့် တဆက်ထဲမှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဝိုင်းဝန်း ကန့်ကွက် တုန့်ပြန် ခဲ့ရာ ကုလသမဂ္ဂ အတွင်းရေးမှူချုပ် ဘန်ကီမွန်း က၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် မပေးတဲ့ အတွက် စိတ်ပျက်မိကြောင်း ကြေညာချက် ထုတ်ပြန် ဖေါ်ပြလိုက်ပြီး၊ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Lawrence Cannon ကလည်း စစ်အစိုးရ ဗဟိုတရားရုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီခြင်း မရှိဘဲ၊ တရား ဥပဒေ စိုးမိုးရေးကို လုံးဝ လစ်လျူရှုခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ဗြိတိသျှ ဝန်ကြီးချူပ် ဂေါ်ဒွင်ဘရောင်း မှ ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ပြုခြင်းမှာ ၂၀၁၀ ရွေးကောက် ပွဲ မဝင်နိုင်ရန် တမင် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း စွပ်စွဲ လိုက်ပြီး၊ နိုင်ငံခြားရေး အငယ်တန်း ဝန်ကြီး အိုင်ဗင် လျူဝစ် က ကလည်း ဗဟိုတရားရုံး ဆုံးဖြတ်ချက်ကို မအံ့ဩပေမယ့် ဝမ်းနည်းမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ သည်။

ယမန်နေ့ ကလည်း ဂျာမဏီ သံရုံးက ဦးဆောင်ကာ ဗြိတိန်၊ ပြင်သစ်၊ အီတလီ နှင့် အမေရိကန် သံရုံး တာဝန်ခံ များမှ ရန်ကုန်မြို့ NLD အဖွဲ့ချုပ်ရုံးသို့ သွားရောက် တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။ NLD ဖက်က ဒု- ဥက္ကဋ္ဌ ဦးတင်ဦး နှင့် ဗဟို အလုပ်အမှုဆောင်များ ဖြစ်သော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့ လေးဦးမှ လက်ခံ တွေ့ဆုံခဲ့သည်ဟု သိရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here