ဖောက်ကလန် ကျွန်းအရေး အမေရိကန် ထောက်ခံမှု ရရှိရန် အာဂျင်တီးနား ကြိုးပမ်း

alt

အာဂျင်တီးနား နိုင်ငံအနေနှင့် ဖောက်ကလန် ကျွန်း ပြဿနာတွင် ဗြိတိသျှတို့ လုပ်ရပ်အား ကန့်ကွက်ကာ အာဂျင်တီးနားဖက်မှ အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

နှစ်နိုင်ငံ ပိုင်ဆိုင်ခွင့်အတွက် အစဉ်တစိုက် အငြင်းပွား လာခဲ့သည့် ဖောက်ကလန်ကျွန်း ကမ်းလွန် ပင်လယ် တွင် ဗြိတိန်က ရေနံတူးဖော်မှု ပြုလုပ်နေခြင်းအား အာဂျင်တီးနားက ကန့်ကွက်ထားပြီး ထို ကိစ္စအတွက် အာဂျင်တီးနား သမ္မတသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရန် ပြင်ဆင်လျှက် ရှိနေသည်။

အမေရိကန်သည် ဗြိတိန်၏ အကြီးဆုံး မဟာမိတ် ဖြစ်သည့်တိုင် အာဂျင်တီးနား အစိုးရက ဝါရှင်တန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် အကျိုးထူးများ ရရှိမည်ဟု မျှော်လင့်လျက် ရှိသည်။ အမေရိကန် နိုင်ငံ ဆိုင်ရာ အာဂျင်တီးနား သံအမတ်ကြီး ဟက်တာတိုင်မာမန် က နှစ်နိုင်ငံ အကြီးအကဲများသည် မတ်လ (၁) ရက် နေ့တွင် ဥရုဂွေး နိုင်ငံ၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ယခု အချိန်တွင် ဖောက်ကလန် ကျွန်း၌ ရေနံ တူးဖော်မှုအတွက် ဗြိတိန်နှင့် အာဂျင်တီးနား တို့ကြား တင်းမာမှုမှာ တစထက် တစ ပိုမိုမြင့်တက်လျက် ရှိနေခဲ့ပြီ ဖြစ်သည်။ အာဂျင် တီးနား နှင့် စပိန်တို့ ဖက်စပ် ပိုင်ဆိုင်သည့် Repsol YPF ကုမ္ပဏီသည် လည်း ဗြိတိန် ရေနံတူးစင်မှ အနောက်ဖက် မိုင်(၁၅၀)မျှ အကွာတွင် ရေနံတူးဖော်မှုကို စတင် ပြုလုပ်လျက် ရှိရာ အခြေအနေမှာ ပိုမိုဆိုးရွား လာခဲ့သည်။

သက်ဆိုင်ရာ ရေနံတူးဖော်မှု လုပ်ငန်းများ အနီးတွင် ရေတပ်သင်္ဘောများက အသီးသီး စောင့်ကြပ်လျက် ရှိနေကြကာ လက်တင် အမေရိကနှင့် ဒေသတွင်း နိုင်ငံများကမူ ယခု ပြဿ နာတွင်း အာဂျင်တီးနားဖက်မှ ထောက်ခံ ရပ်တည်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here