နေတိုး တပ်ဖွဲ့အကူအညီဖြင့် မာဂျာမြို့ရှိ တာလီဘန်များအား အာဖဂန်နစ္စတန် တိုက်ထုတ်

alt

အာဖဂန်နစ္စတန် တပ်များသည် NATO တပ်ဖွဲ့ အကူအညီဖြင့် မာဂျာ မြို့ရှိ တာလီဘန် များအား တိုက်ထုတ် ကာ အာဖဂန် အလံကို ဖေဖော်ဝါရီ လ (၂၅)ရက် နေ့ကလွှင့် တင် လိုက်နိုင်ပြီ ဖြစ်သည်။

တာလီဘန် တို့သည် ကြီးမား ပြင်းထန်လှသည့် ပူးပေါင်း ထိုးစစ်အတွင်း မာဂျာမှ ဆုတ်ခွာခဲ့ရ သလို အရေးပါသော အာဖဂန် အခြေစိုက် တာလီဘန် ခေါင်းဆောင်အချို့အား ဖမ်းဆီး ထားလိုက်နိုင်ကြောင်း ကဘူးရှိ အာဖဂန် အစိုးရ က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ (၂၅)ရက် နေ့က မြို့လယ် ဈေးနေရာတွင် ရိုးရာဦးထုပ်များနှင့် ခေါင်းပေါင်းများ ဝတ်ဆင်ထား သည့် အာဖဂန် စစ်သည်များက အလံတော်အား အခမ်းအနားဖြင့် လွှင့်တင်ခဲ့သည်။ လူဦးရေ (၈၀၀၀၀) မျှနေ ထိုင်သည့် မာဂျာမြို့တွင် အာဖဂန် အစိုးရအဖွဲ့ဝင် အဗ္ဗဒူ ဇာဟာအာရန်က ယာယီ အုပ်ချုပ်ရေးရုံး ဖွင့်လှစ် တာဝန် ယူထားပြီး မြို့ခံ ကိုယ်စားလှယ် များထံမှ လိုအပ်ချက်၊ တောင်းဆိုချက်များ အား ဆွေးနွေးသွားမည်ဟု သိရှိရသည်။

NATO တပ်ဖွဲ့က ဟယ်မန်ခရိုင် အတွင်းရှိ မြို့လေး၏ (၂၅) ရာခိုင်နှုန်းမျှ အကျယ်အဝန်းကို စစ်သွေးကြွ တိုက်ခိုက် ရေး သမားများက ခြေကုပ်ယူကာ ခုခံ တိုက်ခိုက်နေဆဲဟု ဝန်ခံ ပြောဆိုထားသည်။ သို့သော်လည်း လေကြောင်း ပစ်ကူမှုများ နှင့်အတူ အာဖဂန်-NATO ပူးပေါင်း အဖွဲ့သည် မျှော်လင့်သည်ထက် လျင်မြန်စွာ အာဖဂန်တို့ အပေါ် စစ်ရေး အသာစီး ရလာ ခဲ့ကြောင်းလည်း စစ်ဖက် အကြီးအကဲများက ဆိုသည်။ သို့တိုင်အောင် မြေမြှုပ်မိုင်းများကို ရှင်းလင်း နေရခြင်းကြောင့် စစ်ချီရာတွင် အတန်ငယ် နှောင့်နှေးမှုများ ရှိနေနိုင် သေးကြောင်းလည်း သတင်းရရှိ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here