Sex ဗီဒီယိုအတွက် 50 Cent စွဲချက် တင်ခံရ

alt

သက္ကရာဇ် ၂၀၀၀တွင် လျှမ်းလျှမ်း တောက် အောင်မြင်လာသော ဂျမေကာ တောင်ပိုင်းမှ Rap ဂီတ အဆိုတော် 50 Centမှာ Sex ဗီဒီယို တခုအတွက် စွဲချက်တင်ခံ ထားရ ကြောင်း သိရှိရသည်။

၎င်းသည် နေအိမ်တွင်ပင် အမျိုးသမီး တဦးနှင့် လိင် ဆက်ဆံပြီး ယင်းကို ဗီဒီယိုရိုက်ကာ အင်တာနက်တွင် Upload တင်ခဲ့ခြင်းဟု အမျိုးသမီး က စွပ်စွဲ၍ တရားရုံးတွင် အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။ လက်စတိုနီယာ လီဗစ် စတန် အမည်ရှိ အမျိုးသမီးက 50 Cent သည် အခွင့်မရှိဘဲ သူမ၏ အမည်နှင့် ပုံရိပ်ကို Sex ဗီဒီယိုတွင် သုံးစွဲခဲ့ကြောင်း နယူးယောက်ရှိ မက်ဟမ်တန် ဗဟိုတရားရုံးသို့ ဦးတိုက် လျှောက် ထားခဲ့သည်။

လီဗစ်စတန် သည် (၂၀၀၈) ခုနှစ်က 50 Cent နှင့် ချစ်သူအဖြစ် တွဲခဲ့သူ ဖြစ်သည်။ 50 Cent သည် အဆိုပါ ဗီဒီယိုအား အင်တာနက်တွင် ပြီးခဲ့သည့်နှစ်က Upload တင်ခဲ့ပြီး သူမ၏ မျက်နှာကို Software ဖြင့် ခပ်ဝါးဝါး ပြုလုပ်ထားကာ 50 Cent ကိုယ်တိုင် ဇာတ်ကြောင်း ပြောသူအနေနှင့် နောက်ခံ စကားပြော ထားကြောင်း သိရှိရသည်။

အမည်ရင်း ကားတစ် ဂျိမ်း ဂျက်ဆန် ၃ ဖြစ်သည့် Rap အဆိုတော် မြန်မာအမည် ပြားငါးဆယ်သည် အဆိုပါ ဗီဒီယို တွင် အောက်ခံ ဘောင်းဘီနှင့် ပါဝင်နေကြောင်းလည်း သိရှိရသည်။

ဖလော်ရီဒါတွင် နေထိုင်သည့် လီဗစ်စတန်၏ စွပ်စွဲမှုနှင့် စပ်လျဉ်းပြီး 50 Cent ၏ ရှေ့နေက တစုံတရာ ဝေဖန် ချက် မပေးလိုကြောင်း ပြောဆိုထားလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here