နျူကလီးယား ဆွေးနွေးပွဲသို့ မြောက်ကိုရီးယား ပြန်လည် ပါဝင်လာဖွယ်ရှိ

alt

အမေရိကန် အထူး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် စတီဖင် ဘော့ဆွော့က မြောက် ကိုရီးယား အနေနှင့် နျူကလီးယား ဆွေးနွေး ပွဲတွင် ပြန်လည်

ပါဝင်လာဖွယ် ရှိနေကြောင်း ဖေဖော်ဝါရီလ (၂၄)ရက် နေ့က ထုတ်ဖော် ပြောကြားလိုက် သည်။

သို့သော်လည်း ဘော့ဆွော့က ကွန်မြူနစ် နိုင်ငံ အနေနှင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက် လာမည့် အခြေအနေ အသေးစိတ်ကိုမူ ပြောဆို သွားခြင်း မရှိသေးပေ။ မြောက် ကိုရီးယားသို့ သွားရောက်ခဲ့သည့် ဘော့ ဆွော့က မိမိတို့ အနေနှင့် အစိုးရ တာဝန်ရှိသူ များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း၊ မြောက် ကိုရီးယားသည် ဆွေးနွေးပွဲ ကုလားထိုင်တွင် ပြန်လည် နေရာယူရန် အခြေအနေ ကောင်းကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။

သို့သော်လည်း လုံးလုံးလျားလျား မြောက်ကိုရီးယားအား စည်းရုံးနိုင်ရန်မူ ပိုမို အသေးစိတ်ကျသော ညှိနှိုင်းမှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း ဘော့ဆွော့က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် နျူကလီးယား ဆွေးနွေးပွဲတွင် ထိပ်သီး (၆)နိုင်ငံနှင့် အကြေအလည် မညှိနှိုင်းနိုင်ဘဲ ဆွေးနွေးပွဲသို့ တက်ရောက်လိုက် နှုတ်ထွက်လိုက် ဖြစ်နေခဲ့သည်။ (၂၀၀၃) ခုနှစ်မှ စတင်သော အစည်းအဝေးသည် ယခုတိုင် မပြီးပြတ်နိုင်သေးဘဲ (၂၀၀၈) ခုနှစ်၊ ဒီဇင်ဘာလက ပြု လုပ်ခဲ့သည့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် ဆွေးနွေးပွဲအပြီး နောက်တကြိမ် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ထိပ်သီး (၆)နိုင်ငံက စည်းရုံးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ဘော့ဆွော့က အနာဂတ် ကာလတွင် မြောက်ကိုရီးယား အနေနှင့် ကိုရီးယား ကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးကိုပါ ပိုမိုအာရုံစိုက် လာမည်ဟု မိမိ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံသည် မြောက်ကိုရီးယား ကိစ္စ အတွက် တရုတ်နှင့်လည်း သဘောထား ဖလှယ်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here