တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွား

alt

တူရကီရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၃)ဦး ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။ မူလက ဖေဖော်ဝါရီ (၂၃)ရက် နေ့တွင် ကျောက်မီးသွေး တွင်းရှိ

မီသိန်း ဓာတ်ငွေ့များကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ(၁၇)ဦး သေဆုံးကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

အလုပ်သမား ဝန်ကြီး အိုမာဒင်ဆာက အလောင်း (၄)လောင်းကို နှစ်ကြိမ်မှားယွင်း ရေတွက်မိသဖြင့် (၁၇) ဦး သေဆုံးသည်ဟု မှားယွင်း သတင်း ထုတ်ပြန်ခဲ့မိခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဒင်ဆာက ပေါက်ကွဲ ရာမှ လွင့်စင်လာသည့် အစအနများ ထိမှန်သဖြင့် (၁၈)ဦးထက်မနည်း ဆေးရုံ တက်ရသလို အနည်းဆုံး (၇) ဦးကို အသက်လု ကုသနေရကြောင်း ဝန်ခံခဲ့သည်။

လွန်ခဲ့သော (၄)နှစ်ခန့် ကလည်း ယခု ကျောက်မီးသွေးတွင်း တည်ရှိရာ ဘာလီကာဆာ မြို့အနီးတွင် သတ္တု တွင်း ပေါက်ကွဲမှုတခု ဖြစ်ပွားရာ လူ(၁၇)ဦး သေဆုံးခဲ့သည်။

တူရကီသည် သတ္တုတွင်းများ လုံခြံုမှု မရှိကြောင်း ဝေဖန်မှု မကြာခဏ ခံနေရပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဘရူဆာတွင် သတ္တုတွင်းတခု ပြိုကျရာ လူ(၁၉)ဦး သေဆုံး ခဲ့သေးသည်။ တူရကီတွင် အဆိုးရွားဆုံး သတ္တုတွင်း ပြိုကျမှုမှာ (၁၉၉၂)ခုနှစ်က ပင်လယ်နက် ဆိပ်ကမ်းရှိ ဇွန်ကလူဒက်တွင် ဖြစ်ပွားခဲ့ပြီး လူ(၂၇၀) သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here