Facebook တွင် မဖွယ်မရာ ဓာတ်ပုံ အတင်ခံရပြီး နောက် ဗြိတိန် ဆရာမတဦး သေကြောင်းကြံ

alt

UAE နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိသျှ လူမျိုး ဆရာမတဦးသည် သူမ၏ ကိုယ်လုံးတီး ဓာတ်ပုံ Facebook တွင် အတင် ခံရပြီး နောက် မိမိကိုယ်ကိုယ် အဆုံးစီရင် သွား ကြောင်း သိရှိရသည်။

သူမ အနေနှင့် ထိုကိစ္စကြောင့် မွတ်ဆလင် ဘာသာရေး အရ စည်းကမ်း တင်းကြပ်လှသည့် နိုင်ငံတွင် ထောင်ကျ ခံရမည်ကို စိုးရိမ်သဖြင့် ထိုသို့ ကြောက်ရွံ့ကာ အဆုံး စီရင်သွားခြင်းဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။ အေမာဂျံုး သည် အဆိပ်သောက် မသတ်သေမီ ဝေလ် ပြည်နယ် တောင်ပိုင်းရှိ မိခင်အား ဆက်သွယ်ကာ သူမ အနေနှင့် UAE မှ ထွက်ခွာရန် မဖြစ်နိုင် တော့ကြောင်း၊ အာဏာပိုင် များက သူမအား ထောင်ချမည်မှာ သေခြာနေကြောင်း ထိတ်လန့် တကြား ပြောကြားခဲ့သေးသည်ဟု ဆို သည်။

အသက်(၂၄)နှစ်ရှိ အေမာ သေဆုံးမှုအတွက် မိခင်ဖြစ်သူ လူစီရိုလန်က သမီး၏ ချစ်သူ ဟောင်းအား အပြစ်တင် ခဲ့သည်။ လူစီက ထိုပုံကို Facebook တွင် တင်သူသည် အေမာ၏ ချစ်သူဟောင်း ဂျေမီဘရေလေ ဖြစ်ကြောင်း၊ ဂျေမီသည် အေမာ၏ ကွန်ပြူတာကို ကိုင်တွယ်လေ့ရှိပြီး ထိုပုံကို Memory Stick ဖြင့် ကူးသွားခြင်း ဖြစ်နိုင် ကြောင်း စွပ်စွဲခဲ့သည်။

ဂျေမီ ကိုယ်တိုင်ကမူ ၎င်းသည် ထိုကိစ္စအတွက် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကာကွယ်ပြောဆိုခဲ့သည်။ အေမာ သည် တက္ကသိုလ်ဘွဲ့ရ ပညာတတ် တဦးဖြစ်ပြီး UAE သို့ (၂၀၀၈) ခုနှစ် ကတည်းက သွားရောက်ကာ နိုင်ငံတကာ စာသင်ကျောင်း တခုတွင် ဆရာမအဖြစ် တာဝန်ယူနေ ပြီးနောက် ဇာတိမြေသို့ ပြန်ရန် ပြင်ဆင်နေစဉ် ယခုလို ဖြစ်ရပ်ဆိုးနှင့် ကြံုခဲ့ရခြင်း ဖြစ်သည်။

UAE နိုင်ငံတွင် အမျိုးသမီး များအား ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို လုံခြံုစွာ ဖုံးကွယ်ထားရန် ညွှန်ကြားထားပြီး ဖြစ်ရာ အေမာ အနေနှင့် သူမ၏ ပုံကြောင့် ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသည်ဟု စွပ်စွဲခံရကာ ထောင်ဒဏ် ချမှတ်ခံရမည်ကို ကြောက်ရွံ့ပြီး ထွက်ပေါက် ရှာသွားခြင်း ဖြစ်ကြောင်း မိခင်လူစီက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here