မီလီဆိုင်းရပ် အား အော်စကာပွဲ Presenter အဖြစ်ရွေးချယ်

alt

မတ်လ (၇)ရက်နေ့တွင် လော့စ် အိန်ဂျလိစ် ၌ ကျင်းပမည့် အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် Presenter အဖြစ် မီလီဆိုင်းရပ် ပါဝင်မည် ဖြစ် ကြောင်း သိရှိရသည်။

ထို့ကြောင့် (၈၂)ကြိမ်မြောက် အော်စကာဆု ပေးပွဲတွင် ဆယ်ကျော်သက် အဆိုတော်၊ မင်း သမီးလေးသည် အခြား နာမည်ရ ကြယ်ပွင့်များ ဖြစ်သည့် ခရစ်စတီယန် စတီးဝပ်၊ တေလာ လောက်တနာ၊ ဇက်အက်ဖရွန် တို့နှင့် ပူးပေါင်း ရမည် ဖြစ်သည်။

ဆိုင်းရပ်သည် Hannah Montana စီးရီး များဖြင့် သရုပ်ဆောင် လောကတွင်ပါ နာမည် ရလာခဲ့သူ ဖြစ်သည်။ နာမည်ကျော် ကန်းထရီး အဆိုတော် ဘီလီရေးဆိုင်းရပ် ၏ သမီးလေး သည် ယခု လောလောဆယ်တွင် Last Song ရုပ်ရှင်တွင် ပါဝင် ရိုက်ကူးထားပြီး ဖြစ်သည်။

ယခုနှစ် အော်စကာ ဆုပေးပွဲတွင် The Hurt Locker နှင့် Avatar ဇာတ်ကား နှစ်ကားက အပြိုင်အဆိုင် ဖြစ်နေပြီး အီရတ် စစ်မျက်နှာ ရောက် အမေရိကန် မရိန်းတပ်မှ မိုင်းစစ်သည် တို့၏ ဘဝကို မှတ်တမ်းတင် ရိုက်ကူးထားသည့် The Hurt Locker သည် ဆုများစွာ ရရှိမည်ဟု ရေပန်းစားလျှက် ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here