ဒေးဗစ်ဗီလာ ကို မန်ချက်စတာ ယူနိုက်တက် ခေါ်ယူမည်

alt

မန်ချက်စတာ ယူနိုက်တက် အသင်း သည် စပိန်ကလပ် ဗလန်စီယာမှ တိုက်စစ်မှူး ဒေးဗစ်ဗီလာ ကို ခေါ်ယူရန် အသင့်ရှိ နေကြောင်း DailyMirror သတင်းစာ က ဖော်ပြ ခဲ့သည်။

ယူနိုက်တက်၏ သက်တော်ရှည် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်က ၎င်း၏ ညီဖြစ်သူ အသင်း ၏ ဥရောပ ဒေသဆိုင်ရာ ဘောလုံး ကင်း ထောက် မာတင် အား အသက် (၂၇)နှစ် အရွယ် စပိန် လက်ရွေးစင်နှင့် ပတ်သက်ပြီး အသေး စိတ် လေ့လာမှုများ ပြုလုပ်ရန် စေလွှတ်ထား ကြောင်း သိရှိရသည်။

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ တို့ကပါ ပစ် မှတ် ထားနေသော တိုက်စစ်မှူးအတွက် ဗလန်စီယာက တောင်းဆိုသော ပေါင်စတာလင် (၄၅)သန်းကို အင်္ဂလန် ချန်ပီယံက ပေးချေ သွားဖွယ်ရှိပြီး ရာသီကုန်တွင် အပြောင်းအရွှေ့ ဖြစ်လာ နိုင်ကြောင်း Daily Mirror ကဆို သည်။

ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦးအဖြစ် သတ်မှတ် ခံထားရသည့် ဗီလာအား ဖာဂူဆန်က ဝိန်းရူနီနှင့် တွဲဖက် ပေးရန် ဆန္ဒပြင်းပြလျှက် ရှိသည်။ ယူနိုက်တက်တွင် ရူနီသည် အဓိက ခြေစွမ်းပြနေပြီး ၎င်းနှင့် တွဲကစားရန် ဒီမီ တာဘာဘာတော့ နှင့် မိုက်ကယ်အိုဝင်တို့ ရှိနေသည့်တိုင် ဖာဂူဆန်က ၎င်းတို့အပေါ် အပြည့်အဝ အားရ ကျေနပ်ခြင်း မရှိကြောင်းလည်း Daily Mirror က ဖော်ပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here