မိတ်ကပ်ဘူး ခိုးမှုဖြင့် စွဲချက် တင်ခံရသည့် ရဲတပ်ဖွဲ့ အကြီးအကဲ

alt

ဗြိတိန်ရှိ အမျိုးသမီး ရဲတပ်ဖွဲ့ အကြီးအကဲ တဦးမှာ ယခုအခါ မိတ်ကပ်ခိုးမှုဖြင့် အစွပ်စွဲ ခံနေရကြောင်း သိရှိရသည်။ စုံထောက်ချုပ် ကင်မော်လီသည် နော့ဟမ်ရှိုင်းယား ရဲတပ်ဖွဲ့တွင် အကြီးအကဲ တဦးဖြစ်ပြီး

လုပ်ငန်းပိုင်း ထူးချွန်သူဟု သတ်မှတ် ခံထားရသူ ဖြစ်သည်။

သို့သော်လည်း အသက် (၄၄)နှစ် အရွယ် ရဲဝန်ထမ်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ (၂၄)ရက် နေ့က တော့ပ်ဗယ်လီရှိ စတိုးဆိုင် တခုတွင် မိတ်ကပ်ဘူး အလစ်သုတ်ခဲ့သည်ကို ဆိုင်ဝန်ထမ်းက ဖမ်းမိခဲ့ပြီးနောက် ယခုအခါတွင် ခိုးမှုဖြင့် တရားရင်ဆိုင် နေရပြီဖြစ်သည်။

CCTV ကင်မရာ မှတ်တမ်းများသည် ယခုအမှုတွင် အရေးအပါဆုံး ဖြစ်လာနိုင်ကြောင်း မော်လီ၏ ရှေ့နေ က ဝန်ခံခဲ့သည်။ သူမ ခိုးယူခဲ့ကြောင်း စွပ်စွဲခံရသည့် Max Factor မိတ်ကပ်ဘူးမှာ (၁၂.၇၂) ပေါင်သာ တန်ဖိုးရှိသည်။ မော်လီ့ရှေ့နေ အီယန်တောင်းဆန်က မော်လီသည် နာမည်ကောင်း ရနေသည့် ရဲဝန်ထမ်း တဦးဖြစ်ပြီး ယခုလို စွပ်စွဲခံရခြင်းသည် သူမ၏ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက်စေကြောင်း ခုခံပြောဆို ထားသည်။

မော်လီသည် အဆိုပါ ပြဿနာ ဖြစ်ပွား ကတည်းက တာဝန်မှ ခေတ္တဆိုင်းငံ့ခြင်း ခံထားရကြောင်းလည်း သိရှိရသည်။ သူမသည် လုပ်သက် အနှစ်(၂၀)ကျော် ကြာမြင့်သည့် အတွေ့ အကြံုရင့် ရဲဝန်ထမ်း တဦးဖြစ်ပြီး ယခင်က ထိုသို့သော ကိစ္စမျိုး မကျူးလွန် ဖူးကြောင်းမူ ရဲဌာနက ထောက်ခံချက် ပေးထားသည်။

ဗြိတိန်တွင် ရဲနှင့် ရာဇဝတ်မှု ဆက်စပ်ခဲ့သည့် နောက်ဆုံးကိစ္စမှာ (၂၀၀၆)ခုနှစ်က ဖြစ်ပြီး ရဲအရာရှိဟောင်း ချားဖလက်ချာသည် နော့တင်ဂမ်မှ ကျောက်မျက်ရတနာ လုပ်ငန်းရှင် မာရီယန်ဘိတ်အား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here