ဒူဘိုင်း လုပ်ကြံမှုနှင့် ပတ်သက်ပြီး ဩစတြေးလျက အစ္စရေးကို သတိပေး

alt

ဩစတြေးလျ ပတ်စပို့အတု ကိုင်ဆောင်ထားသူ (၃)ဦးအား ဒူဘိုင်း လုပ်ကြံမှုအတွက် ဖမ်းဆီး ထားလိုက် ပြီးနောက် နောက်ကွယ်တွင် အစ္စရေး ပတ်သက်နေပါက အခြေအနေ ဆိုးရွားသွားမည် ဖြစ်ကြောင်း

ဩစတြေးလျ အစိုးရက သတိပေး ပြောကြားလိုက်သည်။ ဩဇီ နိုင်ငံခြားရေး ဝန်ကြီး စတီဖင်စမစ်က အစ္စ ရေး သံအမတ်အား ခေါ်ယူတွေ့ဆုံ ပြီးနောက် UAE နိုင်ငံ ဒူဘိုင်းရှိ ဟိုတယ်တခုတွင် ဟားမတ် ပျောက် ကျားအဖွဲ့နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်တဦး လုပ်ကြံခံရမှုကို မိမိတို့ ဂရုတစိုက် ကိုင်တွယ် သွားမည်ဖြစ်ပြီး အစ္စရေး ပါဝင်နေပါက မဟာမိတ် နိုင်ငံတခုအဖြစ် လက်တွဲနေခြင်းကို ပြန်လည် စဉ်းစားသွားမည်ဟု ခြိမ်း ခြောက် အသိပေးခဲ့သည်။

ဇန်နဝါရီလ (၁၉)ရက်နေ့က မာမွတ်အယ်မက်ဟွာ အသတ်ခံ ရပြီးနောက် ဒူဘိုင်း အစိုးရသည် ယင်းကိစ္စ အား လိုက်လံစုံစမ်းခဲ့ရာ အနည်းဆုံး ပတ်စပို့အတု (၂၆)ခုအား ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းကိစ္စသည် မာမွတ် အသတ်ခံရမှုနှင့် ဆက်စပ်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဩစတြေးလျ နိုင်ငံက ပတ်စပို့ အတုများအတွင်း ဩစတြေးလျ ပတ်စပို့များပါ ပါဝင်နေသည်ကို အလွန် ဒေါသ ထွက်လျက်ရှိသည်။ ဒူဘိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး ဒါဟီကာလီ ဖာတာမင်က ယခု လုပ်ကြံ မှု၏ နောက်ကွယ်တွင် ဟားမတ်တို့၏ ကမ္ဘာ့ရန် အစ္စရေး ပါဝင်နေသည်မှာ (၁၀၀) ရာခိုင်နှုန်းနီးပါး သေ ခြာ နေကြောင်း စွပ်စွဲထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here