iTune မှ ရောင်းချခဲ့သော သီချင်းပုဒ်ရေ (၁၀)ဘီလျံ ပြည့်ပြီ

alt

Apple မှ လွှင့်တင်ထားသော iTune ကို အသုံးပြုပြီး သီချင်းများ Download ပြုလုပ် ဝယ်ယူသည့် အကြိမ် အရေအတွက် (၁၀)ဘီလျံ ပြည့်သွားပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လယ်ပိုင်းက စံချိန်တင် အဆိုပါ အရေအတွက် ပြည့်မြောက် ခဲ့ခြင်းဟု Apple က ကြေညာသည်။

Online ဂီတစတိုးအဖြစ် သတ်မှတ်ထားသော iTune ကို Apple က (၂၀၀၃) ခုနှစ်တွင် စတင် လွှင့်တင်ခဲ့ပြီး နောက်ပိုင်းတွင် ဗီဒီယို၊ ပို့စကတ်၊ တီဗီရှိုးနှင့် အခြားသော ဒီဂျစ်တယ် ဖျော်ဖြေရေး ဝန်ဆောင်မှု များကိုပါ ရောင်းချပေးခဲ့သည်။

၂၀၀၇ ခုနှစ် ဇူလိုင်လတွင် Apple က iTune မှ ရောင်းချပေးသည့် သီချင်း အရေအတွက် (၃)ဘီလျံ ပြည့်မြောက် ခဲ့ကြောင်း စတင်ကြေညာ ခဲ့သည်။ ထို့အပြင် (၂၀၀၈)ခုနှစ်၊ ဇွန်လတွင်မူ (၅)ဘီလျံ အထိ ထိုးတက်လာကြောင်း Apple က အတည်ပြုခဲ့သည်။ ဖေဖော်ဝါရီလ (၂၄)ရက် နေ့တွင် အကြိမ် (၁၀) ဘီလျံ မြောက် Download လုပ်ခဲ့ သည့် ပုဂ္ဂိုလ်အား ဒေါ်လာ တသောင်းတန် iTune လက်ဆောင်ကဒ်လေး အမှတ်တရ ပေးအပ်ခဲ့ကြောင်းလည်း သိရှိ ရသည်။

ထိုနေ့သည် Apple အတွက် အမှတ်တရ နေ့တခု ဖြစ်စေခဲ့ပြီး Apple အား ထူထောင်ခဲ့သည့် CEO ဖြစ်သူ စတိဗ် ဂျော့ဘ် အသက် (၅၅)နှစ် တင်းတင်း ပြည့်မြောက်သော မွေးနေ့လည်း ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here