ပျောက်ဆုံး နေသည့် ဆော်ဒီ စစ်သားနှစ်ဦး သေဆုံး သွားပြီဖြစ်

alt

ဆော်ဒီ အာရေးဗီယား အစိုးရက ရှာဖွေနေ သည့် စစ်သား (၂)ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ယီမင် သူပုန်များက ပြောကြားလိုက် သည်။ ဆော်ဒီ၏ အိမ်နီးချင်း

ဖြစ်သည့် ယီမင်တွင် အခြေစိုက်သော ဟူသီ သူပုန် တပ်ဖွဲ့များက ပျောက်ဆုံးနေသည့် စစ်သား (၂)ဦးသည် တိုက်ပွဲတွင် ကျဆုံးသွား ခြင်း ဖြစ်ကြောင်း၊ မိမိတို့ ဖမ်းဆီး ထိန်းသိမ်း ထားခြင်း မဟုတ်ကြောင်း ဖေဖော်ဝါရီလ (၂၄) ရက် နေ့က ကြေညာခဲ့သည်။

ဟူသီသူပုန် တပ်ဖွဲ့များ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် အက်ဘဒယ်ဆာလမ်က မိမိတို့ အနေနှင့် ဆက်လက် ဖုံးကွယ်ရန် မလိုတော့ကြောင်း၊ ဆော်ဒီစစ်သည် (၂)ဦးမှာ တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်း ဖြစ်သလို ၎င်းတို့၏ ရုပ်အလောင်းများ မြှုပ်ထားသည့် နေရာကိုလည်း ပြသနိုင်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့ သည်။

ဟူသီတို့သည် ပြီးခဲ့သည့် နှစ်က ယီမင်နိုင်ငံ မှတဆင့် ဆော်ဒီပိုင်နက်သို့ ကျူးကျော် ဝင်ရောက်ခဲ့ရာမှ ဆော်ဒီ စစ်တပ်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထို တိုက်ပွဲအတွင်း ဆော်ဒီစစ်သည် အမြောက် အမြား ကျဆုံးခဲ့သလို ယီမင် သူပုန်များလည်း အသေအပျောက် များစွာဖြင့် ဆော်ဒီမြေမှ ဆုတ်ခွာခဲ့ရသည်။ ဆော်ဒီ စစ်တပ်မှ ဗိုလ်ချုပ် အီဗရာဟင် အယ်မာလစ် ကမူ ယီမင် သူပုန်တို့၏ ကြေညာချက်ကို အတည် မပြ ုနိုင်သေးကြောင်း ငြင်းဆန်ခဲ့သည်။

စစ်သည် (၂)ဦးအနေနှင့် သေသည် ရှင်သည် တိတိကျကျ ပြောဆိုနိုင်မည့် အထောက်အထားများ လုံးဝ မရသေး ကြောင်း အယ်မာလစ် ကဆိုသည်။ ဟူသီ သူပုန်များနှင့် ဆော်ဒီ အစိုးရတို့ကြား တင်းမာမှုသည် (၂၀၀၄)ခုနှစ် ကတည်းက စတင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here