Twitter ဝဘ်ဆိုဒ်သို့ တစက္ကန့်လျှင် သုံးစွဲသူ ခြောက်ရာကျော် ဝင်ရောက်

alt

Social Networking ဝဘ်ဆိုဒ်တခု အနေနှင့် အကြီးအကျယ် အောင်မြင် မှု ရရှိလာသော Twitter သည် ယခုအခါ ကမ္ဘာတဝှမ်းမှ နေ့စဉ် Postတင်မှု ပေါင်း သန်း (၅၀)အထိ

 ရှိလာကြောင်း သိရှိရသည်။

ထို ပမာဏအရ တစက္ကန့်လျှင် လူ(၆၀၀)မျှ Twitter သို့ ဝင်ရောက်နေကြခြင်း ဖြစ်သည်။ (၂၀၀၇) ခုနှစ်က Twitter တွင် Post တင်သူ အရေအတွက်မှာ (၅၀၀၀)မျှသာ ရှိခဲ့သည်။ ထို့နောက် (၂၀၀၈) ခုနှစ်တွင် တနေ့တင်သော Post အရေအတွက် (၃၀၀၀၀၀) အထိ ထိုးတက်လာကာ (၂၀၀၉) ခုနှစ်တွင်မူ Post တင်မှု အကြိမ်ပေါင်း (၂.၅)သန်းကျော် ရှိလာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်မူ Twitter တွင် တနေ့တင်သော Post အရေအတွက်မှာ (၃၅)သန်းအထိ မြင့်တက် လာခဲ့ကြောင်း Twitter အား လေ့လာမှုများ ပြုလုပ်နေသည့် ပညာရှင် ကီဗင်ဝီးလ် ကဆိုသည်။ ၀ီးလ် က ယခု အရေအတွက် များသည် Spam အဖြစ် သတ်မှတ်ထားသည့် Post များကို ထည့်သွင်းရေတွက် ထားခြင်း မရှိသေး ကြောင်း ပြောကြားခဲ့သည်။

Twitter ကို အသုံးပြုနေသည့် လူ အရေအတွက်မှာ တစထက် တစ တိုးပွားလာကြောင်း၊ လူတဦး Twitter ကို သုံးစွဲမိပြီးပါက ၎င်း၏ ပတ်ဝန်းကျင် မိတ်ဆွေ အသိုင်းအဝိုင်းက လက်ဆင့်ကမ်း သုံးစွဲရန် အလွန် လွယ်ကူကြောင်း ၀ီးလ် ကဆိုသည်။ ထို့အပြင် Twitter အား နေ့စဉ်သုံးစွဲမှု ပမာဏသည် ပိုမိုတိုးတက် လာဦးမည် ဟုလည်း ၎င်းက မှတ်ချက်ပြု ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here