ပါကစ္စတန် တာလီဘန်များ အမေရိကန် သူလျှိုဟု မသင်္ကာသူ နှစ်ဦးအား သတ်ပစ်လိုက်

alt

ပါကစ္စတန်ရှိ တာဘီဘန် တို့သည် အမေရိကန် သူလျှိုဟု စွပ်စွဲချက်ဖြင့် လူ (၂)ဦးအား သတ်ပစ်လိုက် ကြောင်း သိရှိရသည်။ ဖေဖော် ဝါရီလ (၂၃)ရက် နေ့က

ကျည်ဆန်ထိမှန် သေဆုံးထားသည့် အမေရိကန် သူလျှိုဟု စွပ်စွဲခံရသူ (၂)ဦး၏ အလောင်း များကို တာလီဘန်တို့ အင်အား ကြီးမားစွာ ဆက်လက် ထိန်းချုပ်ထားသည့် ပါကစ္စတန် အနောက် မြောက်ပိုင်းဒေသ မာအလီ မြို့တွင် ပြသထားသည်။

မြောက်ပိုင်း ဝါဇီရစ်စတန် ဒေသရှိ အဆိုပါ မြို့လေးတွင် အသတ်ခံရသူ နှစ်ဦးမှာ အမေရိကန် ထောက်လှမ်း ရေးနှင့် ပတ်သက်ကြောင်း တာလီဘန် တို့၏ စွပ်စွဲမှု ကို ခံရသည့် နောက်ဆုံး သားကောင်များ ဖြစ်လာသည်။ မျက်မြင်တဦးက အသတ်ခံရသူ များအနက် တဦးသည် ဒေသခံတဦး ဖြစ်ပြီး ကျန်တဦးသည် အာဖဂန် နစ္စတန်မှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

တာလီဘန် စစ်သွေးကြွ များသည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ပါကစ္စတန် အစိုးရနှင့် အမေရိကန် အတွက် ထောက်လှမ်းရေး လုပ်ငန်း ဆောင်ရွက် ပေးနေသည် ဟူသော စွပ်စွဲချက်ဖြင့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တာလီဘန် တို့အား ဒုံးကျည်ဖြင့် တိုက်ခိုက် နေသည့် အမေရိကန် တပ်ဖွဲ့များက နောက်ထပ် အရပ်သားများကို စွပ်စွဲ သတ်ဖြတ်လာမည့် အခြေအနေ အတွက် စိုးရိမ်လျက် ရှိနေကြသည်။

ပါကစ္စတန် အစိုးရ ကမူ တာလီဘန် အကြမ်းဖက် သမားများအား အလျှော့ပေးရန် အစီအစဉ် မရှိကြောင်းနှင့် ပါကစ္စတန် နိုင်ငံအတွင်းမှ အမြစ်ပြတ် ချေမှုန်း တိုက်ထုတ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here