ဘာလီကျွန်းတွင် ကလေးသူငယ်အား မဖွယ်မရာပြုမှု မြင့်တက်လာနေ

alt

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကလေးသူငယ် များအား မဖွယ် မရာ ပြုမူ ဆက်ဆံမှုများ တစထက် တစ မြင့်တက် လာနေကြောင်း

အင်ဒိုနီးရှား ကလေးသူငယ် စောင့်ရှောက် ကာကွယ်ရေး ကော်မရှင်က ကြေညာ ခဲ့သည်။

ဘာလီတွင် ဖြစ်ပွားနေသော ကလေးသူငယ် အနိုင်ကျင့် စော်ကားမှု အခြေအနေသည် အလေးထား ဂရု စိုက်ရမည့် ပမာဏထိ ရောက် ရှိလာကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

ကော်မရှင်၏ နာယက လာပူပါအန်ဂရာနီက (၂၀၀၉)ခုနှစ် အတွင်း ဘာလီ ရဲတပ်ဖွဲ့အား တိုင်ကြား ခံရသည့်ကလေး သူငယ် အနိုင် ကျင့်မှုပေါင်း (၂၁၄)ခုထိ ရှိခဲ့ပြီး မုဒိမ်းမှုနှင့် အရှက်ခွဲ အနိုင်ကျင့်မှုများ ပါဝင်နေကြောင်း အန်ဂရာနီ က ဆိုသည်။

သူမအနေနှင့် ယခု ပမာဏအတွက် စိုးရိမ် မိကြောင်းလည်း အန်ဂရာနီက ဝန်ခံခဲ့သည်။ ရဲမှတ်တမ်း များအရ အမှု ပေါင်း (၇၃)ခုသည် ဒန်ပါဆာတွင် ဖြစ်ပွားခဲ့ပြီး (၄၇)မှာ ဘူဘီ လန် နှင့် (၂၉)ခုမှာ ကာရန်ဂါဆမ် တို့တွင် ဖြစ်ခဲ့ ခြင်းဟု သိရှိရသည်။ ကလေးများသည် နေအိမ်တွင်ပင် အနိုင်ကျင့် စော်ကား ခံနေရသလို ဆွေမျိုးများနှင့် အိမ်နီးချင်း များ၏ ပစ်မှတ် အဖြစ်ပါ ကျရောက်နေသည့် အတွက် စိတ်မကောင်း ရကြောင်း အန်ဂရာနီက ပြောဆို သွားခဲ့သည်။

ထို့အပြင် ဘာလီ လမ်းမများပေါ်တွင်လည်း ကလေးငယ်များကို လိင် လုပ်သားများ၊ အလစ်သမားလေးများ၊ သူတောင်းစား များနှင့် အလုပ်ကြမ်း သမားလေးများ အဖြစ် တွေ့မြင် နေရသည်ကို ဝမ်းနည်းကြောင်း အန်ဂရာနီက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here